Saturday, November 23, 2013

ProMyanKey လို့ ခေါ်တဲ့ မြန်မာကီးဘုတ် ဗားရှင်းအသစ်


ProMyanKey လို့ လူသိများခဲ့တဲ့ မြန်မာကီးဘုတ်လေးဟာ အခုဆိုရင် နောက်ဗားရှင်းအသစ်
တစ်ခုအနေနဲ့  Update လေးထွက်လာခဲ့ပါပီ။ဒီကောင်လေးက သုံးရတာ တော်တော်သွက်
တယ်။ကီးဘုတ်တွေက မကြီးလွန်း မသေးလွန်းတဲ့အတွက် စာရိုက်ရာမှာ တော်တော် အဆင်
ပြေတယ်။ပီးတော့ ဒီဇိုင်းက ရိုးရိုးလေးနဲ့  မျက်စိနောက်သက်သာတယ်။မြန်မာကီးဘုတ်တွေ
က အခုဆိုရင် အသစ်တွေထွက်ရှိလာပါပြီ။ဘယ်ကီးဘုတ်ကို သုံးပါလို့ လဲ မညွှန်းချင်ဘူး။
ကိုယ့်ရိုက်လို့ ကောင်းတဲ့ ကီးဘုတ်၊အဆင်ပြေတဲ့ ကီးဘုတ်ကိုသာ ရွေးပီးသုံးတာကောင်းတယ်။
ကီးဘုတ်ကို ဝယ်ရခတ်နေတဲ့ သူတွေအတွက် နဲ့  Free user တွေအတွက်ဆိုရင် အခုတင်ပေးတဲ့ ProMyanKey ဆိုတဲ့ ကီးဘုတ်တို့ ၊Sulfur’s Keyboard တို့ နဲ့ အဆင်ပြေ
လိမ့်မယ်လို့ ထင်တယ်။ Free ရတယ်ဆိုပီးတော့လည်း အထင်မသေးနဲ့ ဗျ။တော်တော်လေး
သုံးလို့ ကောင်းတယ်။ကဲ……….အသုံးလိုရင်တော့အောက်ကလိပ်စာမှာရယူလိုက်ပါ။
အဆင်ပြေပါစေ။

Download>>>> https://copy.com/nWBaZFxnsP8t


အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)

0 comments:

Post a Comment

လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်