This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Showing posts with label Facebook ဆိုင်ရာ. Show all posts
Showing posts with label Facebook ဆိုင်ရာ. Show all posts
Tuesday, February 11, 2014
Facebook Account Creation 100% Working
 Facebook Account လုပ်နည်းတွေကလည်းများလိုက်တာဗျာ...ခုလည်း ဖုန်းမလိုပါဘူး ကွန်ပျူတာနဲ့ရတယ် 100% Working ဆိုလို့ ပြန်ရှယ်လိုက်ပါတယ်ခင်ဗျာ။
စမ်းကြည့်ရတာပေါ့နော် ရတော့လည်းအမြတ်ပေါ့ :D
တစ်ခုတော့တောင်းပန်ပါရစေ ကျွန်တော်ကိုယ်တိုင်မစမ်းရသေးလို့ မေးခွန်းမေးခြင်းသည်းခံပါခင်ဗျာ
စမ်းကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းသွားနိုင်ပါတယ်ခင်ဗျာ
အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)
Wednesday, January 8, 2014
Facebook အကောင့်အလွယ်တကူဖွင့်မယ်..... facebook ကိုဖွင့်ပီး အကောင့်အသစ်လုပ်လုပ် Lock ကျနေတဲ့အကောင့်ကို မြန်မာပြည် ဖုန်းနံပတ်နဲ့ Verify လုပ်လုပ် အဆင်ပြေသွားပါပီ။
ဒီပုံထဲမှာပြထားတဲ့ Web site လေးကနေပီး Facebook အကောင့်အလွယ်တကူဖွင့်လို့ရပါပီခင်ဗျာ။ ဒီနည်းကို သိပြီးသား ဆရာတွေလည်းရှိမှာပါ။ ကျွန်တော်လည်း မနေ့ကမှ ကလိရင်း ရသွားတာပါခင်ဗျာ။ Proxy ကျော်တဲ့နည်းပေါ့။ ဒီကိုနှိပ်ပါ အဲဒီကို ၀င်လိုက်ပီးရင် ပုံထဲမှာပြထားတဲ့ အကွက်ထဲမှာ facebook ကိုဖွင့်ပီး အကောင့်အသစ်လုပ်လုပ် Lock ကျနေတဲ့အကောင့်ကို မြန်မာပြည် ဖုန်းနံပတ်နဲ့ Verify လုပ်လုပ် အဆင်ပြေသွားပါပီ။ ကျွန်တော် စမ်းကြည့်တာတော့ Lock ကျနေတဲ့ အကောင့်တစ်ခုနဲ့ အကောင့်အသစ်တစ်ခုကို လွယ်ကူစွာဖွင့်လို့ပြီးစီးသွားပါပီ။ အဲ ဖုန်းနံပတ်နဲ့ Verify လုပ်တဲ့နေရာမှာ Send me Code ဆိုတာကို မရွေးပဲ Call me ဆိုတာကိုရွေးပေးပါ။ လူကြီးမင်းတို့ဆီကို ဖုန်းဝင်လာပါလိမ့်မယ်။ အဲဒါကို မှတ်ထားပီး verify လုပ်လိုက်ရင် အဆင်ပြေသွားပါပီ ခင်ဗျာ။ ကျွန်တော် သိသလောက်လေး Share ပေးတာပါ။ စမ်းကြည့်လိုက်ကြပါခင်ဗျာ။
Credit to Thiha Swe
အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)
Friday, December 20, 2013
Face book ထဲကသူငယ်ချင်းတွေရဲ့ gmail ကိုကြည့်ကြရအောင်ဗျာ
ဟုတ်မဟုတ်တော့မသိဘူး စမ်းကြည့်ရအောင်လို့ ပြန်ရှယ်လိုက်ပါတယ်ခင်ဗျာ...ကျွန်တော်လည်းမစမ်းရသေးဘူး လက်တည့်စမ်းချင်သူများဒေါင်းထားလိုက်ပါ။ ရန်ကုန်သား ဘလော့မှပြန်လည်မျှဝေလိုက်ပါတယ်...ဒါလည်းသိထားသင့်တဲ့နည်းပညာတစ်ခုပါ။
--------------------------------------------------------------------
ခုကျွန်တော်တင်ပြပေးမှာကတော့ face book ထဲကသူငယ်ချင်းတွေရဲ့ gmail အကောင့်တွေကိုသူငယ်ချင်းတို့သိချင်မှာပေါ့။ ကျွန်တော်လဲတခါတုန်းကအရမ်းသိချင်ခဲ့တာဗျ
အဲဒါနဲ့ပဲဟိုမွေဒီမွေနဲ့လိုက်မွေလိုက်တာ..တွေ့လာပါတယ်ဗျာ..facebook ထဲကသူငယ်ချင်းတွေရဲ့
gmail အကောင့်တွေကိုစချင်လို့ပဲဖြစ်ဖြစ်  သူတို့တွေမသိပဲကိုယ်ကပဲနောက်သလိုလိုနဲ့ပြောချင်တယ်
ဆိုရင်တော့ဒီဆော့ဝဲလေးကသင့်ကိုကူညီပေးပါလိမ့်မယ်။
ကဲလိုချင်ရင်တော့   ဒီက ဒေါင်းလိုက်နော်။
ဒေါင်းပြီးရင်တော့ run လိုက်ပေါ့ ။
ပြီးရင် face book ထဲကို sing in ၀င်ပြီး ကိုယ့် page ကို copy လုပ်ရမယ်ဗျအောက်ကပုံလေးကိုကြည့်လိုက်
ပါနော်
copy ယူပြီးသွားရင်တော့  atomic email hunter  ထဲမှာ  paste လုပ်လိုက်ပါ။
ရပြီဆိုတော့ start ကို နှိပ်လိုက်ပါ.ဒါဆိုရင် သင့်ရဲ့ link ကို scan ရိုက်နေတာ
တွေပါလိုက်လိမ့်မယ်။
ခဏလောက်စောင်လိုက်ပါ .။ Queue ဆိုတာကတော
facebook ရဲူ့link တွေဖြစ်ပြီးLog ကတော့ စာမျက်တွေ
အရေအတွက် နဲ့  Search ကတော့ gmail . yahoomail
ရှာပေးတာဖြစ်ပါတယ်။
ဒီလောက်ဆို အဆင့်ပြေပါလိမ့်မည်လို့  မျှော်လင့်ပါတယ်။
သူငယ်ချင်းတို့ လဲ ပျော်ရွင်ခြင်း ပေါင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေ။
Credit to  ရန်ကုန်သား
အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)
Sunday, November 17, 2013
Facebook အကောင့်ဖွင့်လို့ ဖုန်းနံပတ်တောင်းပြီး Varify လုပ်မရသူများအတွက် ဖြေရှင်းနည်း ( ၁၀၀% )
Facebook အကောင့်ဖွင့်တဲ့အခါ ရခါနီးမှ ဖုန်းနံပတ်တောင်းလို့ ဖြည့်လိုက်ရော. SMS Message ကို ဖုန်းကိုပို့ပေးမယ်ဆိုပြီး လုံးဝ ပေါ်မလာတော့ဘူး.. ဘာဆက်လုပ်ရမှန်းလည်း မသိဘူး.. အဲဒီ ပြဿနာကို ဖြေရှင်းနည်းကိုတွေ့လာလို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်.. အဆင်ပြေတဲ့နည်းမို့ အားလုံး အိုကေမှာပါ.. ဖုန်းနဲ့ လုပ်ရမှာဖြစ်ပြီး အထဲမှာ ဖုန်းအတွက် ဆော့ဖ်ဝဲ လည်းထည့်ထားပါတယ်.. လုပ်နည်းကိုလည်း PDF နဲ့ထည့်ပေးထားပါတယ်..
 အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)
Friday, October 25, 2013
Facebook မှာ ​လော့ခ်​ ကျတဲ့ အ​ကောင့်​ မှန်​သမျှအကုန်​ပြန်​ယူမယ်
Facebook မှာ Locked ကျတဲ့ အ​ကောင့်​န်​ကို ပြန်​ယူနည်း စာအုပ်​ပါ။ ပုသိမ်​သား​လေး "စိုင်းသူ" ​ရေးသားပြုစုထားတဲ့ ​ဖေ့ဘွတ်​မှာ ​လော့ခ်​ ကျတာမှန်​သမျှ အကုန်​ ပြန်​ယူလို့ရတဲ့ နည်းလမ်းစာအုပ်​​လေးပါ။(​ဆော့ဖ်​ဝဲမြို့​တော်​ ​ ဆိုဒ်​က ယူလာတာပါ) မိမိအသုံးပြု​နေတဲ့ fb မှာ friends add တာ​တွေများလို့ပဲဖြစ်​ဖြစ်​၊လက်​ခံတာ​တွေများလို့ပဲဖြစ်​ဖြစ်​၊likes လုပ်​တာ​တွေများလို့ပဲဖြစ်​ဖြစ်​၊မြန်​မာပြည်​ connection ကျ​နေချိန်​​တွေမှာ အသုံးပြုများလို့ပဲဖြစ်​ဖြစ်​၊ဘယ်​လိုပဲဖြစ်​ဖြစ်​​ပေါ့ ကိုယ့်​အ​ကောင့်​န်​​လေး Lock ကျသွားခဲ့ရင်​ စိတ်​ညစ်​​နေစရာမလိုပါဘူး။အခုတင်​​ပေးလိုက်​တဲ့ ဒီစာအုပ်​​လေးကို ​ဒေါင်းယူဖတ်​ရှု​လေ့လာ ပြီးရင်​ မိမိအ​ကောင့်​န်​ ပြန်​ရနိုင်​မှာဖြစ်​ပါတယ်​။ pdf file size ကလည်း ​ကီလိုဘိုဒ်လေးပဲရှိပါတယ် အ​ကောင့်​​လော့ခ်​ကျလို့စိတ်​ပူ​ပန်​​နေရခြင်းမှ ကင်း​ဝေးနိုင်​ကြပါ​စေဗျာ။ ကဲစမ်းကြည့်ချင်ရင်တော့ အောက်ကလင့်မှာဒေါင်းသွားပါခင်ဗျာ...
အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)
Tuesday, October 1, 2013
Facebook မှာ LIKE တွေအများကြီးရအောင်လုပ်မယ်။
အခုမှ ရှင်းရှင်းလင်းလင်းသိရတော့တယ် သူများတွေက တခုခုတင်လိုက်တိုင်းမှာ LIKE တွေ
အများကြီးဘဲ 100 likes, 160 likes စတာတွေကို ရနေကြတယ်။ ကျွန်တော်မှာ ရှိတဲ့ Friends တွေ
တော်တော်များများကတော့ အမှန်ကန်ရတာလို့ဘဲ ထင်ပါတယ်။ ဒါပေမဲ့ အမှန်ကန်ရရ ၊အတုဘဲရရ
စိတ်တော့မ၀င်စားပါဘူး။ ဒါပေမဲ့ မြန်မာပြည်တွင်းမှာတော့ မသိဘူး။ ဒီ Australia မှာကတော့
လူငယ်တွေကြားမှာ Facebook မှာ friends တွေအများကြီးရှိတာတို့၊ Likes တွေအများကြီးရတာတွေက
လူများတွေအကြားမှာ လူဝင်ဆန့်ပြီး လူအများက ထင်ကြီးပြီး ခင်ချင်ကြပါတယ်။ အထူးသဖြင့် ကိုယ့်
သူငယ်ချင်းတွေကိုလဲ ပြန်ကြွားတတ်ကြတယ် ငါ့ Facebook မှာ LIKE တွေအများကြီးရတယ်ဆိုပြီး
ဆိုတော့ LIKE လေး ၄ ၊ ၅ ခုလောက်တောင် ပြည့်အောင်မရနိုင်တဲ့ လူတွေက စိတ်အားငယ်နေကြမှာပေါ့
ဒီအတွက် မပှုပါနဲ့ ဟိုတနေ့ကမှဘဲ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း သူကသူရဲ့ ပုံနဲ့ Status တွေ
များ LIKE တွေအများကြီးရတဲ့ အကြောင်းကိုပြောပြရင်းနဲ့ စကားဆက်ပြီး တော့ LIKE တွေအများကြီးရ
အောင် အတုလုပ်လို့ရတာကို ပြောဖြစ်ကြပါတယ်။
ဆိုတော့ အထက်က ပုံလို Like တွေ အများကြီးလိုချင်ရင်တော့။
ကို သွားပြီးတော့  အောက်ကပုံအတိုင်း Click here ကို နှိပ်ပါ။
ပြီးတော့ Install ကိုနှိပ်ပါ။
ပြီးနောက်မှာ Success ဆိုပြီးတော့ ပေါ်လာတဲ့အခါမှာ
အထက်ကပုံလို address ကို Copy ကူးပြီးတော့
ပထမဖွင့်ထားတဲ့ Page မှာ Paste လုပ်ပြီး submit လုပ်ပါ။
ပြီးတဲ့အခါမှတော့ ကိုယ့်ရဲ့ Like များစေချင်တဲ့ Status ဖြစ်ဖြစ်၊ Photo ဖြစ်ကို နှိပ်ပြီး Submit လုပ်
ခဏအကြာမှာ LIKE တွေများလာပါလိမ့်မယ်။
NOTE: ကိုယ့်ရဲ့ Status ဖြစ်ဖြစ်၊ Photo ကို Privacy setting - Public မှာ ထားဖို့လိုအပ်ပါတယ်။
Ref to http://www.sbsangpi.com/2013/02/facebook-like.html
အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)
Friday, September 27, 2013
Android phone နဲ. ဖေ့ဘွတ်သုံးရင်း auto logout ဖြစ်သောပြသနာအားဖြေရှင်းကြည့်ခြင်း(100% အာမခံသည်။)))
ကျွန်တော်လဲ ဖုန်းနဲ. facebook သုံးပါတယ် ဘာလို.ဆို မီးပျက်လို.ပါ (ကြော်ငြာဝင်ထှာာာ ခိခိ)။
ဖုန်းနဲ.သုံးရင်း နဲ. သူများတွေတင်ထားတဲ့ ပိုစ့်တစ်ခုကို Like လုပ်လိုက်ရင် စပီးပြသနာတက်ပါတယ်။ဘာပြသနာလဲဆိုရင်
Auto သူ.ဟာသူ logout သွားတဲ့ ပြသနာပါ။ အဲ့တာနဲ.နောက်ပိုင်း ဖုန်းနဲ.သုံးရင်း လိုက်ခ် လုပ်ရမှာကို ကြောက်လာပါတယ် :P။
လိုက်ခ် မလုပ်ဘဲ သုံးနေမိတာ အတော်ကြာပါပီ(ကြုံတုံးကြွားတာပါ)။ ကြာလာတော့ အတော်ဆိုးလာပါတယ် ဘယ်လိုဆိုးလာလဲဆိုရင်ဖုန်းထဲကဖေ့ဘွတ် application ကနေ
ဖေ့ဘွတ်အကောင့်ကို ဖွင့်လို.မရအောင် ကို ဆိုးလာပါတယ် ဆာဗာerror တက်တယ် ဘာညာပေါ့ဗှာ စာတန်းအရှည် ကြီးနဲ.ကို ပြပါတယ်(အလကားနေရင်းနော် :P)။
အရင်ကတော့ အဲ့လိုဖြစ်လာရင် ဖုန်းကို factory reset ချလိုက်ပါတယ်
ခုတော့ အဲ့လိုမလုပ်တော့ပါဘူး တစ်ချက်ခုတ် နှစ်ချက်ပြတ်မဲ့ နည်းလမ်းတစ်ခုကို ကိုယ်တိုင် ကလိရင်း နဲ. တွေ.လာမိတယ်လေ :D
စကားရှည်နေတာနဲ. လိုရင်မရောက်တော့ဘူး ဒီနည်းက ၁၀၀ % အဆင်ပြေမဲ့ နည်းလမ်းပါ ။
like command share ရဲရဲဝံ၀ံ ဖုန်းထဲကနေ ဖေ့ဘွတ်သုံးရင်းလုပ်လို.ရမယ် like လုပ်လို. Auto logout တာ မရှိ တော့ဘူး ဒါ့အပြင် ဖေ့ဘွတ်သုံးရတာ ပိုပီးမြန်ဆန်သွက်လက်လာမယ်
စမ်းကြည့်လိုက်ရအောင်နော်
setting ထဲ သွားပါ ဖေ့ဘွတ် application ကိုတွေ.အောင်ရှာပါ တွေ.ရင် တစ်ချက်နှိပ်ပါ။ အဲ့ဒီမှာ Uninstall ဆိုတာ တွေ ဘာတွေတွေ.ပါလိမ့်မယ်မနှီပ်ပါဘူး အဲ့တာက။ို အောက်နည်းနည်းလောက် ဆင်းကြည့်ပါ။
Clear Data ဆိုတာကို တွေ.ပါလိမ့်မယ် တွေ.ရ့င် တစ်ချက်နှိပ်လိုက်ပါ။ ပီးရင်တော့ အရင်ဝင်နေကြအတိုင်း ဖေ့ဘွတ်ကို ဖွင့်လိုက်ပါ။ အကောင့်တွေ ပက်ဝက်တွေ ပြန်ရိုက်ထည့်ပီး သုံးကြည့်ပါ။ ရဲရဲဝံ၀ံ. နဲ. like လုပ်ကြည်ပါ ပိုစ့်တွေကို
logout လုံးဝမဖြစ်တော့တာကို တွေ.ရပါလိမ့်မယ် ။ ပီးတော့ ဖေ့ဘွတ်သု့းံရတာ ပိုပီးမြန်ဆန်လာပါလိမ့်မယ် ။ဒါ့အပြင် ဖုန်းထဲက နေ ဖေ့ဘွတ်ဝင်လို.မရတဲ့ ပြသနာလဲ ရှင်းသွားပါလိမ့်မယ်။ တစ်ချက်တည်းနဲ. အကုန်ရတယ်နော် တွေ.လား ခိခိ (ရဲရဲဝံ၀ံကြီး လက်မထောင်လိုက်ပါ)
စိတ်ကြိုက်လိုက်ခ် လုပ်ပါ လုံးဝ အောက်စရာအကြောင်းမရှိတော့ပါဘူး ဒါပေမဲ့ တစ်ရက် နှစ်ခါလောက် လုပ်ပေးဖို.တော့ လိုမယ်နော် :)
credit to http://shwenaditechnology.blogspot.com/search/label/Android%20knowledges
အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)
Tuesday, September 17, 2013
facebook မှာ မိမိ profile ကိုဘယ်သူအကြည့် အများဆုံးလဲ ....?
facebook မှာ မိမိရဲ့  profile ကိုဘယ်သူဝင်ကြည်တာအများဆုံးလဲ ...? သိချင်တဲ့ သူတွေအတွက်ပါခင်ဗျာ။
ဒီကိစ္စ နဲ့ ပက်သက်ပြီး virus link တွေလည်းတော်တော်လေးပြန့် နှံ့ နေတဲ့  link တွေ
လည်းတွေ့ နေရပါတယ်။ဒီတစ်ခါတော့ ကျိမ်းသေပေါက်ကြည့် လို့ ရမဲ့ နည်းလမ်း
ပါခင်ဗျာ။ကိုလင်းသလာဝတီရေးသားထားတာလေးကိုပြန်လည်မျှဝေပေး
လိုက်ပါတယ်ခင်ဗျာ။
အဆင့်-1
ဖေ့ဘုတ်ကိုဖွင့်ပါ မူလမျက်နှာမှာ အောက်ကအတိုင်း လွတ်တဲ့နေရာမှာ ညာဘက်ကလစ်ကိုနှိပ်လိုက်ပါ (အောက်ပါပုံကိုကြည့်ပါ)
အဆင့်-2
ထို့နောက် ပေါ်လာသည့် boxမှ view page source ဆိုတာကိုနှိပ်လိုက်ပါ ထို့နောက်အောက်ပါပုံအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်
အောက်ပါအတိုင်ပေါ်လာပါက Ctrl+F ကိုတွဲးလိုက်ပါက အောက်ပါအတိုင်း boxပေါ်လာပါမည်..အောက်ပါပုံမှာ Google chrome
မှာ ပြုလုပ်ထာသည့်ပါဖြစ်ပါသည်။Google chrome Ctrl=+F နှင့်တွဲးနှိပ်ပြီးပါက အပေါ်မှာပေါ်မှာဖြစ်ပြီး mozilla firefox မှာတော့
အောက်ခြေမှာပေါ်လာမှာဖြစ်ပါသည်။
အောက်ပါပုံမှာ mozilla firefox မှာ Ctrl=+F နှင့်တွဲးနှိပ်ပြီး ပေါ်လာသည့်ပုံဖြစ်ပါသည်။
ထို့နောက်ပေါ်လာသည့် Box မှာ orderedfriends ဆိုတာကိုရိုက်ထည့်လိုက်ပါ..
ထို့နောက် အောက်ပါပုံအတိုင်း highlightဖြင့် ပြထာသော စာ၏နောက်မှ list ထဲမှာ ပထမဆုံဂဏာန်အတွဲးကို ကော်ပီကူးယူလိုက်ပါ..
အဆင့်-3
ထို့နောက် Facebook စာမျက်နှာရှေ့ကိုသွာပြီးနောက် https://www.facebook.com/ စောစောကော်ပီကူးယူလာသည့် ဂဏန်းကိုနောက်မှာထည့်ပြီး Enter ခေါက်လိုက်ပါ
ထို့အခါ မိမိprofileကို အကြည့်များဆုံးသူကိုယ်တွေ့၇မှာဖြစ်ပါတယ်...
credit to -ကိုလင်းသလ္လာဝတီ
Ref to ၀င်းမ္ဘာကျော်
အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)
Tuesday, August 27, 2013
Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ် (လုံးဝရစေရမယ်နော်)
တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေလုပ်နေတယ်လို့ facebook ကယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ်၊ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင် facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေးရှိတယ် ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ
ပြဿနာရှိရင် ဖြေရှင်းနည်းလည်းရှိရမယ်လေ၊ အဲဒါကတော့ မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံကနေ လုပ်တာပါလို့ facebook ကို မျက်လှည့်ပြလိုက်ရုံဘဲလေ( သူက မြန်မာနိုင်ငံဆို သေချာစစ်တာကို)
အခုနည်းလုပ်ဖို့အတွက် (ဖုန်းကနေ Gmail အကောင့်လုပ်တာလွယ်တယ်ဆိုတာတော့ မိတ်ဆွေတိုင်းသိမယ်ထင်လို့ မပြောတော့ဘူးနော်)
1. အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီဆောဖ်ဝဲနှစ်ခု ကို(1.EasyOvpn/ 2.OpenVPNConnect) ဒေါင်းပြီး ကိုယ့်ဖုန်းထဲ့ကို အင်စတော့လုပ်လိုက်ပါ
2. EasyOvpn ကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရရင်
အပေါ်ဆုံးက Japan ကိုရွေးလိုက်ပါ
3. ဒါဆိုရင် အောက်ကပုံလေးမှာ ပါတဲ့အတိုင်း Accept ကိုနှိပ်ပါ
4.အောက်ကပုံလေးအတိုင်း connect ကိုနှိပ်လိုက်ပါ
5.၀ိုင်းပြထားတဲ့နေရာလေးမှာ အမှတ်ခြစ်ပေးပြီး  Ok ကိုနှိပ်လိုက်ပါ
6.ဒီဆင့်မှာ တကယ်လို့ချိတ်ဆက်လို့မရဘဲ error တစ်ခုခုတက်လာခဲ့ရင် အကွက်လေးထဲက ip ကိုပြောင်းပေးပြီး connect ကိုထပ်နှိပ်ပါ။
7.ဒါဆိုရင် အခုလို Japan IP ကိုလှမ်းချိတ်နေပါပြီ
8.အောက်ကပုံမှာလို ကျွန်တော်ဝိုင်းပြထားသလိုမျိုး sing ပြပြီးဆိုရင် facebook ကျွန်တော်တို့ကို japan နိုင်ငံကနေ သုံးနေပြီ ထင်သွားပါပြီ။
9. အဲလိုဖြစ်သွားပြီးဆိုရင်တော့ ကြိုက်တဲ့ Browser ကနေ facebook ကိုဝင်ပြီး create new account ကိုနှိပ်ပြီး ကြိုက်သလောက် လုပ်လို့ပါပြီး( ကျွန်တော်ကတော့ UC browser ကိုသုံးပါတယ်
မှတ်ချက်။ facebook နာမည်တွေ ဖြည့်တဲ့အခါ English နာမည်တွေပေးမှ ပိုအဆင်ပြေတယ် ခင်ဗျ ဥပမာ-Jon Smit လိုမျိုးပေါ့ နောက်ပြီး ကျောင်းတွေ တက္ကသိုလ်တွေဆိုရင်လည်း အစစာလုံးလေးတစ်လုံးရိုက်လိုက်တာနဲ့ သူရွေးပေးတဲ့ ဟာရွေးတာက ပိုအဆင်ပြေတယ် နောက်ပြီး တစ်ခါတည်း ဂျပန်က သူငယ်ချင်းလေး ငါးယောက်လည်း Add လိုက်အုံး၊ facebook pake လေးနှစ်ခုကိုလည်း Like လုပ်ပေးထားလိုက်အုံး အဲဒါဆိုရင်
တော်တော်ကို အဆင်ပြေသွားပြီခင်ဗျ . . .
(ကျွန်တော်ကိုယ်တိုင် အကောင့်နှစ်ခုစမ်းသပ်ထားပြီးမှ သေချာရေးထားတာပါခင်ဗျ ကျွန်တော်မိတ်ဆွေတွေ သူများကိုယ်တိုင် လုပ်တတ်စေချင်၊ သူများကိုလည်း ပြန်ပြီးကူညီလို့ရအောင် တစ်ခါမှ မရေးဖူးဘဲ ရေးထားလိုက်ပါတာ တစ်ခုခုလိုအပ်ခဲ့ရင် နားလည်ပေးပါနော်)
Ref and Credit to http://readtohelp.blogspot.com/
အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)
Wednesday, July 31, 2013
အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးမယ်
အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးမယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အင်တာနက် လိုင်းမကောင်းလို့ Facebook ပေါ် တက်မရဘူးလို့ ဆိုကြ ပါတယ်။ ရပါတယ်။ ဖြစ်အောင်လုပ်ရင်ရပါတယ်။ သို့ပေမယ့် အောက်ပါ လခ့်များကို အသုံးပြုဖို့တော့ လိုအပ်ပါတယ်။
မိုဘိုင်းဗားရှင်း m
မိုဘိုင်းဗားရှင်းပါ။ Facebook က မိုဘိုင်း Platform အတွက် ထုတ်ထားတဲ့ Facebook ဖြစ်ပေမယ့် Desktop PC တွေမှာလည်း အသုံးပြုလို့ ရပါတယ်။ m.facebook.com လို့ရိုက်လိုက်ရင် Width သေးသေးနဲ့ News Feed တွေကို အလွယ်တကူ မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ Status တွေ၊ ပုံတွေလည်း တင်လို့ ရပါတယ်။
https://lite.facebook.com/
https://touch.facebook.com/
touch က Tablet ဗားရှင်း ဖြစ်ပါတယ်။ သူနဲ့လည်း Facebook ကို အလွယ် တကူ ဝင်နိုင်ပြီး News Feed တွေဖတ်မယ်။ Status တွေတင်မယ်။ ပုံတွေ တင်လို့ ရပါတယ်။
https://upload.facebook.com/
ဒါကတော့ Page Admin များအတွက်ပါ။ ဒီတစ်လော အင်တာနက်လိုင်း ကျလွန်းလို့ ပုံတွေ တင်လို့ မရဘူးလို့ ဆိုကြပါတယ်။ ရပါတယ်။ upload.facebook.com ကို URL မှာ ရိုက်ပြီး ဝင်တဲ့အခါ Wall photo ပဲ ဖြစ်ဖြစ်၊ Create Album ပဲ ဖြစ်ဖြစ် အလွယ်တကူ တင်လို့ ရပါတယ်။
ပို့စ်အသစ်တင်ဖို့ နည်းလမ်းတွေရှာရင်း တွေ့ရှိထားတဲ့ အသုံးပြုနည်းလမ်း တွေမှာ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။
REF: Myanmar News Update
Saturday, July 13, 2013
Facebook တွင် Page တစ်ခုတည်ဆောက်နည်း
Facebook တွင် Page ဆောက်နည်း
Facebook မှာ အကောင့်ဆောက်နည်းကို ပြောခဲ့ပြီးပါပြီ။ အခုဟာကတော့ Facebook မှာ သီးသန့်စာမျက်နှာတစ်ခု (page) ဆောက်နည်းပါပဲ။
သီးသန့် စာမျက်နှာတစ်ခု …။ ဥပမာ – ကျနော်တို့က ရီစရာ ဟာသလေးတွေကို တစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ ဖော်ပြချင်တယ် ဆိုရင် သက်ဆိုင်ရာ ခေါင်းစီးလေးတစ်ခုနဲ့ သီးသန့် စာမျက်နှာတစ်ခုကို တည်ဆောက်လို့ ရနိုင်ပါတယ်။ စီးပွားရေး လုပ်ငန်းတစ်ခု ဆိုပါစို့။ ဒါဆို သူ့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို သီးသန့်စာမျက်နှာလေး ဖွင့်ပြီး တင်ထားနိုင်ပါတယ်။ အဲ့ဒီ စာမျက်နှာကို ကိုယ်တစ်ယောက်တည်း ရေးနိုင်သလို၊ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး ရေးသားနိုင်ပါတယ်။
ကျနော်တို့ မြန်မာပြည်ရဲ့ နာမည်ကျော် ဂျာနယ်တစ်ခုဖြစ်တဲ့ Eleven ကလည်း သူ့ရဲ့ စာမျက်နှာကို ဖေ့ဘွတ်ခ်မှာ တင်ထားပါတယ်။ အဲ့ဒီမှာ သူ့ရဲ့ သတင်းတွေကို တင်ပြထားပါတယ်။ ကျနော်တို့ အနေနဲ့ သူ့စာမျက်နှာက သတင်းတွေကို ကိုယ့်ရဲ့ Wall ပေါ်မှာ ပေါ်စေချင်ရင်တော့ သူ့စာမျက်ကို Like လုပ်ပေးလိုက်ဖို့ပါပဲ။ ဒီလိုပါပဲ … ဖေ့ဘွတ်ခ်မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ စာမျက်နှာ တွေ့ပြီဆိုရင် Like လုပ်လိုက်တာနဲ့ပဲ သူ့စာမျက်နှာက အကြောင်းအရာတွေဟာ ကိုယ့်ရဲ့ Wall ပေါ်မှာ လာပေါ်ပါလိမ့်မယ်။
Facebook ပေါ်မှာ သူငယ်ချင်း အဖြစ် ဖိတ်ခေါ်ချင်ရင် သူငယ်ချင်းတစ်ယောက်ရဲ့ စာမျက်နှာကိုသွားပြီး +Add Friend လုပ်ရပါတယ်။ Page ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Like လုပ်ပါတယ်။ ဒီအခါမှာ သူငယ်ချင်းတွေ တင်လိုက်တဲ့ အကြောင်းအရာတွေက ကိုယ့်ရဲ့ စာမျက်နှာမှာ လာပေါ်မှာ ဖြစ်ပြီး ကိုယ် တင်လိုက်တဲ့ အကြောင်းအရာတွေက သူငယ်ချင်းတွေရဲ့ စာမျက်နှာမှာ သွားပြီး ပေါ်ပါလိမ့်မယ်။ Page ကို Like လုပ်တဲ့ အခါမှာတော့ အဲ့ဒီ ပေ့ခ်ျမှာ အသစ်တင်လိုက်တိုင်း ကိုယ့် စာမျက်နှာမှာ လာပေါ်ပါလိမ့်မယ်။ ကိုယ့်အနေနဲ့ကတော့ အဲ့ဒီ ပေ့ခ်ျမှာ ဝင်ရောက် ရေးသားလို့ ရနိုင်မှာတော့ မဟုတ်ပါဘူး။
ကိုယ့်ရဲ့ သူငယ်ချင်းတစ်ယောက်က Page တစ်ခု ဆောက်ထားတယ်။ သူက ကိုယ့်ကို အဲ့ဒီ ပေ့ခ်ျမှာ ဝင်ရောက်ရေးသားဖို့အတွက် Invite လုပ်တယ် ဆိုပါစို့။ ဒါဆို ကိုယ်လည်းပဲ သူ့ရဲ့ ပေ့ခ်ျမှာ ဝင်ရောက် ရေးသားလို့ ရနိုင်ပါတယ်။ ဒီလိုပါပဲ။ ကိုယ်က page တစ်ခု တည်ဆောက်ထားတယ် ဆိုရင် အဲ့ဒီ ပေ့ခ်ျမှာ ဝင်ရောက်ရေးသားဖို့အတွက် သူငယ်ချင်း တစ်ယောက်ယောက်ကို Invite လုပ်လိုက်တာနဲ့ အဲ့ဒီ သူငယ်ချင်းက ကိုယ့်ရဲ့ ပေ့ခ်ျမှာ ဝင်ရေးနိုင်သွားပါတယ်။
၁။ Page တစ်ခု တည်ဆောက်ဖို့အတွက် ပထမဆုံး အနေနဲ့ – https://facebook.com/pages/create.php ကို သွားလိုက်ပါ။ အဲ့ဒီမှာ ကိုယ်ဆောက်ချင်တဲ့ page အမျိုးအစားပေါ်ကို ကလစ်နှိပ်လိုက်ပါ။
Facebook မှာ Page တစ်ခုဆောက်ဖို့ ဒီနေရာကို အရင်သွားပါ။
၂။ နမူနာ အနေနဲ့ ကျနော်က Company, Organization ပေါ်မှာ ဆောက်ပြထားပါတယ်။ အပေါ်က ထဲမှာ သက်ဆိုင်ရာ တစ်ခုခုကို ရွေးပေးပါ။ အောက်က ထဲမှာတော့ နာမည် ပေါ့ဗျာ။ ပြီးသွားရင် I gree to ဆိုတဲ့ နေရာမှာ ခေါက် ခြစ်ပေးပါ။ အကုန်ပြီးသွားရင်တော့ Get Started ကိုသာ နှိပ်လိုက်ပါ။
ရွေးစရာရှိရာ ရွေးပြီးရင် Get Started ကိုသာ နှိပ်လိုက်ပါ။
၃။ Profile Picture ဆိုတဲ့ နေရာမှာ ပုံထည့်ချင်ရင် တစ်ခါတည်း ထည့်လို့ ရပါတယ်။ ပုံထည့်မယ်ဆိုရင်တော့ Save Photo ကို နှိပ်၊ မထည့်ဘူးဆိုရင်တော့ Skip နဲ့သာ ကျော်သွားလိုက်ပါ။
ထည့်ချင်ထည့်၊ မထည့်ချင်ရင် Skip နဲ့သာ ကျော်သွားလိုက်ပါ။
၎။ About ကတော့ ကိုယ်ဆောက်တဲ့ ပေ့ခ်ျနဲ့ အကြောင်းအရာ အနည်းငယ်ကို ရေးသားနိုင်တဲ့ နေရာပါ။ အပေါ်က အကွက်ကြီးထဲမှာ ပေ့ခ်ျနဲ့ ပတ်သက်တာကို ရေးပေးရပါတယ်။ အောက်က အကွက်လေးထဲမှာတော့ ကိုယ့်ရဲ့ ဝက်ဘ်တစ်ခုခု၊ လင့်ခ် တစ်ခုခု ကို ဖြည့်ပေးရပါတယ်။ ဒါတွေ ဖြည့်မယ်ဆိုရင်တော့ Save Info ကို နှိပ်၊ မဖြည့်ဘူး ကျော်သွားမယ်ဆိုရင်တော့ Skip ကိုသာ နှိပ်လိုက်ပါ။
ဒီနေရာလည်း ထို့အတူပါပဲ။ မထည့်ချင်ရင် Skip နဲ့သာ ကျော်သွားလိုက်ပါ။
၅။ Page ဆောက်လို့ ပြီးသွားပါပြီ။ ဒီအခါ အပေါ်ဆုံးနားမှာ Hide ဆိုတာ တွေ့ပါလိမ့်မယ်။ ဒါကတော့ Page နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို Page ဆောက်တဲ့လူအတွက် ပြသပေးတဲ့ နေရာကို ဖော်တယ်၊ ဖျောက်တယ် ဆိုတဲ့ ခလုတ်လေးပါပဲ။ ကိုယ်က ရှုပ်လို့မို့ ဖျောက်ထားချင်ရင် Hide ကို နှိပ်ပါ။ ကိုယ်က ကြည့်ချင်ရင်တော့ဖြင့် Show ကိုသာ ပြန်နှိပ်လိုက်ပါ။
ဖျောက်ထားချင်ရင် Hide ကို နှိပ်ပါ။
ပြန်ဖော်ချင်ရင် Show ကို နှိပ်ပါ။
၆။ Profile Picture ထည့်တာ၊ Cover Photo ထည့်တာတွေ၊ စာသားတွေ တင်တာ၊ ပုံတွေ တင်တာတွေ ကိုတော့ Facebook အကောင့်ဆောက်နည်းမှာ ပြောခဲ့ပြီးပါပြီ။ အခု Browser ရဲ့ Address Bar မှာ facebook.com လို့ ရိုက်ပြီး ခေါ်ကြည့်လိုက်ပါ။ ကိုယ့်ရဲ့ Wall ကို ရောက်သွားပါလိမ့်မယ်။ ဒီအခါ ကိုယ့် Wall ရဲ့ ဘယ်ဘက် အခြမ်းမှာ Pages And Ads ဆိုတာရဲ့ အောက်မှာ စောစောက ကိုယ်ဆောက်ခဲ့တဲ့ Page ကို တွေ့ရပါလိမ့်မယ်။ ဒီလောက်ဆို ကိုယ်ပိုင် ပေ့ခ်ျတစ်ခု တည်ဆောက်ဖို့အတွက် အဆင်ပြေသွားလောက်ပါပြီ။
ကိုယ့် Wall မှာ တွေ့ရတဲ့ Page လင့်ခ်ပါ။
ကျနော် နမူနာ တည်ဆောက်လိုက်တဲ့ Page ပါ။
Do@domyanmar.wordpress.com
အဆင်ပြေပါစေ . . .
Wednesday, July 3, 2013
Facebook အကောင့်ဖွင့်တော့မယ်ဆို သိထား၊ သတိထားစေချင်တာလေး
အခုတလော ဖေ့ဘွတ်တွေဖွင့်မရလို့  ပြန်ဖွင့်ခိုင်းတဲ့သူရယ် အသစ်လုပ်ခိုင်းသူရယ်
အတော်လေး ပေါနေတယ်  မလုပ်ပေးချင်လို့ တော့မဟုတ်ဘူး အချိန်ဆင်းရဲလို့ ပါ
လုပ်တတ်သလောက် လုပ်ကြည့်ပြီး မရတာမေးရင် တော်သေးတယ် ဆိုတော့ကာ
အလွယ်လုပ်နည်း ရေးတင်လိုက်ပါတယ် ။ ဘာမှလည်း  ခက်တာ မဟုတ်ဘူးနော
မှတ်ရမှာ တစ်ခုတော့ ရှိပါတယ် ။ Email လိပ်စာတစ်ခုမှာ Facebook တစ်ခုထဲပဲ
မေးတစ်ခုပါထပ်ဖွင့် ပေးလိုက်ရတယ် ။အကယ်၍ အခက်ခဲရှိတဲ့ မြန်မာပြည်ထဲက
မိတ်ဆွေတွေအတွက် ဖွင့်ပေးပါ့မယ် ။လိုချင်တဲ့ ပုံစံကို သေချာရေးပြီး မေးလိပ်စာ
ထဲကို ပို့ ပေးပါ ချက်တင်ဆိုရင် ပြန်ရှာရခက်ခဲလို့ ပါ ။ တခါတလေ မန်နေဂျာရှိလို့ 
သူဌေးလာလို့  အရေးပေါ် ပိတ်လိုက်ရတာ ရှိပါတယ် ။အဲ့လိုဆို ကူညီချင်ပေမယ့်
ပြန်ရှာဖို့ မလွယ်တာကြောင့် ဒီတိုင်း မသိမသာနေလိုက် ခဏနေ မကူညီဘူးဆိုပီး
ထဆဲတဲ့သူက ရှိသေးတယ် အဲ့တော့ ကူညီနိုင်သလောက် အချိန်ရသလောက်ကို
အတတ်နိုင်ဆုံး  ကူညီပေးမည်ဖြစ်ကြောင်း အခြေခံပညာသင် ၀ါသနာတူတွေကို
အသိပေးပါတယ် ။ နည်းပညာအကူညီ တစ်ခုခုဆိုရင် ချက်တင်မှာ မပြောစေပဲနဲ့ 
ဖြစ်သမျှ ပြဿနာကို အသေးစိတ် စာစီ၍ မေးလိပ်စာထဲ ပို့ ပေးပါ သိခဲ့တယ်ဆို
ကူညီဖြေရှင်းပေး အကြောင်းပြန်မည် ဖြစ်ကြောင်း သိစေအပ်ပါသည်.............။
Ref to မောင်စွယ်စုံကျမ်း