This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label သတင်းရေးရာအဖြာဖြာ. Show all posts
Showing posts with label သတင်းရေးရာအဖြာဖြာ. Show all posts

Friday, November 1, 2013

၁၅၀၀ တန်ဖုန်းများတွင် ဝန်ဆောင်မှုအသစ်များ အသုံးပြု၍ ရမည် မဟုတ်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၃၁

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထပ်မံတိုးချဲ့ထားသော မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှု အသစ်များကို အသစ်ချပေးထားသော ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများတွင် အသုံးပြု၍ ရဦးမည် မဟုတ်ဘဲ ယခင်ရောင်းချပေးထားသည့် ကျပ်ငါးသိန်း၊ နှစ်သိန်းနှင့် ၁၅ သိန်း ဖုန်းများတွင်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ Call Waiting Service (ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံဖြေကြားနေစဉ် အခြားဖုန်းတစ်ခု ဝင်လာပါက လက်ခံပေးခြင်း) ကို တစ်လလျှင် ၅၀၀ ကျပ်၊ Call Forward Service (မိမိဖုန်း မအားပါက လိုင်းလွှဲပေးခြင်း) ကို တစ်လလျှင် ၉၀၀၀ ကျပ်၊ Voice Mail Service ကို တစ်လလျှင် ၁၀၀၀ ကျပ်နှင့် Miss Call Alert (မိမိဖုန်း စက်ပိတ်ထားသော်ငြားလည်း Miss Call များ လက်ခံထားပေးခြင်း) ကို တစ်လလျှင် ၁၀၀၀ ကျပ် နှုန်းများဖြင့် စတင်ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

“ဝန်ဆောင်မှု အသစ်လေးခု ထပ်တိုးချဲ့မှာပါ။ GSM, WCDMA, CDMA 800 MHz, CDMA 450 MHz အားလုံးရတယ်။ ဒါပေမဲ့ အခုချထားတဲ့ ၁၅၀၀ တန်တွေတော့ မရသေးဘူး” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၁၅၀၀ တန် ဖုန်းများအတွက် ဝန်ဆောင်မှု အသစ်များ ပေးနိုင်မည့် အချိန်ကိုမူ အတိအကျ မသိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအတွက် ပြန်ကြားရေးဝန်ဆောင်မှု ဆောင်ရွက်ပေးနေသော ၁၈၇၆ Call Center က ပြောကြားသည်။

“ဒီဝန်ဆောင်မှုတွေက နိုင်ငံတကာမှာဆိုရင် SIM Card ဝယ်တာနဲ့ တွဲလျက် ဝယ်ယူလို့ ရတာတွေ။ အခုဒီမှာက မြေစမ်းခရမ်းပျိုးရုံပဲ ရှိသေးတယ်။ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေ ဝင်လာရင် ဒီလိုပုံစံနဲ့ဆိုရင် ကျန်ခဲ့လိမ့်မယ်။ ၁၅၀၀ တန်ဖုန်းတွေ အဓိက ချထားပေးနေတဲ့ အချိန်မှာ ၁၅၀၀ တန် ဖုန်းတွေမှာ သုံးလို့မရတာက ဟာသပဲ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦသန်းဦးက မှတ်ချက်ပေးသည်။

အဆိုပါ ဝန်ဆောင်မှုများကို ရယူလိုသူများသည် အသုံးပြုလိုသော ဝန်ဆောင်မှုအပေါ် မူတည်၍ Call Waiting Service အသုံးပြုလိုသူများအတွက် Orderdata CW, Call Forward Service အတွက် Orderdata CF, Voice Mail Service အတွက် Orderdata VMS နှင့် Miss Call Alert ဝန်ဆောင်မှု အတွက် Orderdata MCA ဟု ၁၃၃၁ နံပါတ်သို့ SMS ရိုက်၍ ပေးပို့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

ဖုန်းကိုင်ဆောင်သူများသည် အဆိုပါ ဝန်ဆောင်မှုများ အားလုံးကို အသုံးပြုနိုင်မည် မဟုတ်ဘဲ ဖုန်းလိုင်းတစ်ခုလျှင် Call Waiting Service နှင့် Call Forward Service ထဲမှ တစ်ခုနှင့် Voice Mail Service နှင့် Miss Call Aler တို့ထဲမှ တစ်ခုစီကိုသာ ရွေးချယ် သုံးစွဲနိုင်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၁၁ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ခြောက်သန်းခန့်သာ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်၍ ယင်းဖုန်းသုံးစွဲသူများ၏ သုံးပုံတစ်ပုံခန့် ပမာဏဖြစ်သော နှစ်သန်းခန့်မှာ ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းဖုန်းများ အသုံးပြုခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

The Voice Weekly

အဆင်ပြေပါစေ . . . နည်းပညာတက္ကသိုလ်(မကွေး)

Friday, September 27, 2013

ဖုန်း Version 4.1.2 တွေမှာ မြန်မာစာအမှန်ပေါ်အောင်ပြင်ပေးမယ့် OrientMyanmarZawgyi ထွက်ရှိ

သဝေထိုးနဲ့အသတ်တွေမမှားတော့မယ့် Smart Zawgyi 2 ထွက်ရှိ... Huawei တွေမှာမြန်မာစာအရေးအဖတ်လုံးဝမှန်မည်... ဤမြန်မာဖောင့်အား Orient အဖွဲ့၏လက်အောက်တွင်ထားရှိမည်ဖြစ်ပြီး... အခကြေးငွေဖြင့်သာဖြန့်ချီမည်ဖြစ်သည်...
Huawei Android ver 4.1 / 4.2 series တွေ မှာ မြန်မာစာ အမှန်အတိုင်း မမြင်ရတဲ့ အတွက်
ကီးဘုတ်များမှ ချိန်းပေးတယ့် ပုံစံနဲ့ အသုံးပြုလို့ အဆင်ပြေနေခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာသတင်းဆိုက်များ ဖတ်ရင်၊ ဖေ့ဘွတ်သုံးရင် ဖြည့်ဖတ်ပေးနေရပါတယ်။ ယခု အဲဒီလို မဖြစ်ပဲ မြန်မာစာ အမှန်မြင်ရအောင်(ဥပမာ။ ။Huawei G610s၊ Samsung Myanmar Font ပါပြီးမော်ဒယ်များ၊HTC မြန်မာစာပါသောမော်ဒယ်များ စသည်တို့ တွင် အကုန်အမှန်မြင်ရသလို)၊ ကိုသူရိန် ရေးထားသော Myankey.apk လေးဖြင့်သာ၊ ကိုသီဟအေးကျော်ရေးထား သောFrozen.apk အဟောင်းများဖြင့်သာ မှန်မှန်ရိုက်၊မှန်မှန်မြင် နိုင်အောင်ပြုပြင်ထားသော SmartZawgyi-2 အား ပြုလုပ်ထားပြီးဖြစ်ပါသည်။ သို့ပေမယ် iDevices များအတွက် ကီးဘုတ်များ၊ PC များတွင် အသုံးပြုရန် KeyMagic စသည်တို့ကို အခမဲ့ရေးသား ဖြန့်ဝေပေးထား သော ကိုသန့်သက်၏ SmartZawgyi နှင့် အမည်တူသွားပါသဖြင့် ယခု ဗားရှင်းကိုOrientMyanmarZawgyi ဟု အမည်ပေးထားပါသည်။
ဤမြန်မာစာစနစ်အား ပြည်မြို့ရှိ Royal Mobile Serivce မှာ ဝင်ဆောင်ခ 3000ကျပ်ဖြင့် လာရောက် ပြုပြင်နိုင်ပါကြောင်း။

မြန်မာစာ အမှန်မြင်နိုင်သော၊စမ်းသပ်ပြီးသော Huaweiမော်ဒယ်များ
  1. Ascend P6 -Android 4.2.2
  2. Ascend Mate -Android 4.1.2
  3. G610C -Android 4.1.2
  4. C8813D -Android 4.1.1
  5. U8813 -Android 4.1.1
  6. Y300C -Android 4.1.1
  7. U8951(G510) -Android 4.1.1





Ret to ကိုကျော်စွာသွင်

အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်

နည်းပညာတက္ကသိုလ်(မကွေး)

Thursday, August 22, 2013

တစ်ကမ္ဘာလုံး အင်တာနက်ရရန် Facebook, Nokia, Samsung တို့ ပူးပေါင်းပြီ

article-title
 တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အင်တာနက် အသုံးပြုလာနိုင်ရေးအတွက် ကြိုးပမ်းမှုကို  Facebook, Nokia, Samsung တို့ စတင်လိုက်ပြီ ဖြစ်ပါတယ်။ သူတို့အပြင် အခြားသော ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္မဏီများလည်း ပါဝင်ပါသေးတယ်။

ယင်းကုမ္မဏီအားလုံးက ပူးပေါင်းပြီး Internet.org ဆိုတဲ့ဆိုဒ်ကို အရင်စထောင်ပါတယ်။ Facebook တည်ထောင်သူ Mark Zukerberg ကိုယ်တိုင် တရားဝင်ကြေညာပြီး မိတ်ဆက်ပေးလိုက်တဲ့ ယင်း ဝဘ်ဆိုဒ် ဟာ ၎င်းတို့ ကြိုးစားဖန်တီးနေတဲ့ Activity တွေကို အချိန်တိုင်း တင်ပေးနေမှာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ အင်တာနက် အသုံးပြုနိုင်သူ ဦးရေ ၂.၅ ဘီလျံ ဝန်းကျင်သာ ရှိသေးပြီး ပထမစီမံကိန်းအတွက် ၅ ဘီလျံ ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အင်တာနက် အသုံးပြုရန် လွယ်ကူပေမယ့် ဖွံ့ဖြိုးဆဲနဲ့ ဆင်းရဲသော နိုင်ငံတွေမှာ အင်တာနက် ရရှိနိုင်ဖို့ဟာ အင်မတန် ခက်ခဲနေသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် အကုန်အကျ နည်းနည်းနဲ့ ကောင်းကောင်း အသုံးပြုနိုင်မယ့် အင်တာနက် ချိတ်ဆက် နည်းပညာများကို ဖန်တီးပြီး ကမ္ဘာ့အနှံ့ လိုအပ်တဲ့ နေရာတွေဆီ သွားရောက် တပ်ဆင်ပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။

Nokia ဟာလည်း လူဦးရေ သန်း ၁ထောင်ကျော်ကို ဖုန်းရောင်းချပေးပြီးခဲ့ Connecting People ဆိုတဲ့ ဆောင်ပုဒ် အတိုင်း တာဝန်ကျေခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်ခြေလှမ်းအနေနဲ့ လိုအပ်နေသေးတဲ့ ကမ္ဘာ့ ဆင်းရဲ နိုင်ငံများမှ အင်တာနက် အသုံးပြုနိုင်ရန် Facebook, Samsung တို့နဲ့ အတူ ရင်းနှီးမြှုပ်နှံ လှူဒါန်း သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: Internet.org
 
Credit : Aung Kham (TSJ team)

အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)

Saturday, August 3, 2013

GSM ဖုန်းတွေအတွက် Call Waiting နဲ့ Call Forwarding Service


GSM ဖုန်းတွေအတွက် Call Waiting နဲ့ Call Forwarding Service
--------------------------------------------------------------------

Android ဖုန်းတော်တော်များများရဲ့ Call Setting ထဲကိုဝင်ကြည့်လိုက်ရင် Call Waiting ၊ Call Forwarding အစရှိတဲ့ Funcation တွေကိုပါဝင်တာတွေ့ရပါလိမ့်မယ်၊ ဒါပေမဲ့ သုံးလို့မရပါဘူး ဘာလို့လဲဆိုတော့ လက်ရှိ
ကျွန်တော်တို့တွေသုံးနေတဲ့ MPT ကဖွင့်ပေးမထားလို့ပါပဲ ၊

ဟိုးအရင်ကတော့ မြန်မာနိုင်ငံမှာ အဲဒီ Service မပေးပါဘူး ၊ အခုကတော့(ဘယ်တုန်းစရလဲသေချာမသိပါ) ပိုက်ဆံပေးရင်လျောက်လို့ရပါပြီ ၊

Call Waiting
========
Call Waiting ဆိုတာကတော့ မိမိဖုန်းပြောနေတဲ့အချိန်မှာ နောက်ထပ်ဖုန်းအ၀င် Call တစ်ခုထပ်လာရင် အသိပေးပါတယ် ၊ အဲဒီအချိန်မှာ လက်ရှိပြောနေတဲ့ဖုန်းကိုမချပစ်ဘဲ .. Hold ကိုနှိပ်ပြီး နောက်ထပ်ဝင်လာတဲ့ Call ကိုလက်ခံပြီးစကားပြောလို့ရတဲ့ Service ပဲဖြစ်ပါတယ်။ ဒီ Service ကတော့ဖုန်းတစ်လုံးမှအလွတ်မခံချင်တဲ့ လုပ်ငန်းရှင်သမားတွေအတွက်တော့တော်တော်ကိုအသုံးဝင်တဲ့Service တစ်ခုပဲဖြစ်ပါတယ်။ အိမ်ကမိန်းမဆက်
တာကိုမလွတ်စေချင်ရင်လဲ လုပ်ထားလိုက်ပေါ့နော် ...

Call Forwarding
==========
Call Forwarding ဆိုတာကတော့ မိမိဖုန်းကဆက်သွယ်မှု့ဧရိယာပြင်ပရောက်နေတဲ့အခါမျိုးမှာ နောက်ထပ်အခြားနံပါတ်တစ်လုံးကိုအလိုလျောက်လွဲပြောင်းပေးတဲ့စနစ်ပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် မိမိမှာဖုန်းနှစ်လုံးရှိတယ်ဆိုပါစို့ ပထမတစ်လုံးမှာ ဒုတိယတစ်လုံးရဲ့နံပါတ်ကို Call Forwarding Service နဲ့ထည့်ထားလိုက်မယ် ၊ ပထမတစ်လုံးကို ခေါ်လိုက်တဲ့အခါမှာဆက်သွယ်မှု့ဧရိယာရောက်နေခဲ့မယ်ဆိုရင် ၊ ထည့်သွင်းထားတဲ့ ဒုတိယ ဖုန်းတစ်လုံးဆီကိုလွဲပြောင်းပြီးအလိုလျောက်ဖုန်းခေါ်ဆိုသွားမှာဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲ့ Information Technology ကိုတာဝန်ယူထားတဲ့ MPTကတော့ ဒီService တွေရနေတယ်ဆိုတာကို သတင်းထားပြန်ထားတာ ဘယ်နေရာမှာမှ မတွေရပါဘူး ...
(MPT ဆိုတာဘယ်လိုပြောမလဲ .. ပြောချင်သလိုသာပြောတော့ပေါ့နော် :D)

ရတနာပုံတယ်လီပို့စ်ကိုဆက်သွယ်မေးမြန်းချက်အရတော့ ဒီ Service ကို 5 သိန်းတန် 450 ဖုန်းနဲ့ 1500 တန်ဖုန်းကလွဲရင်ကျန်တဲ့ဖုန်းတွေမှာလျောက်လို့ရတယ်လို့တောပြန်လည်ဖြေကြားထားပြီး
လျောက်ထားလိုရင်တော့ ရွှေဂုန်တိုင်ရုံးမှာလျောက်ထားနိုင်ပြီး လျောက်လွှာကြေးဘယ်လောက်မစရမလဲဆိုတာတော့ ရတနာပုံတယ်လီပိုစ် ကိုယ်တိုင်လဲမသိရှာပါဘူး ...

လစဉ်ကြေးတွေအနေနဲ့ကတော့ >>
Call Waiting Service ကိုထည့်သွင်းချင်ရင်တော့ လစဉ်ကြေးကို ၅၀၀ ကျပ်
ဖြစ်ပြီး Call Forwarding Service ကိုထည့်သွင်းချင်ရင်တော့ လစဉ်ကြေးကို 10 FEC လစဉ် Bill ထဲကနေဖြတ်မှာဖြစ်ပါတယ်။


မြန်မာနိုင်ငံသတင်းနဲ့နည်းပညာဌာနက မထုတ်ပြန်တဲ့သတင်းတွေကို Android News မှတဆင့် အားအားယားယားရှာဖွေ ဖော်ထုတ်ပေးလိုက်
ပါတယ်ဗျာ ..

ကဲ .. MPT လိုအကျင့်မယုတ်တတ်ဘူးဆိုရင် Share လိုက်ကြဦးနော်


Ref & Credit : Android News

SKY NET အခပေး ရုပ်သံလိုင်း လစဉ်ကြေး ပြောင်း

 
ပရီးမီးယားလိဂ် ဘောလုံးပွဲများကို မြန်မာနိုင်ငံတွင် တစ်ဦးတည်းမူပိုင် ထုတ်လွှင့် ပြသခွင့် ရထားသည့် SKY NET အခပေး ရုပ်သံလိုင်းက လစဉ်ကြေးများကို မူလ သတ်မှတ်နှုန်းထားမှ လိုင်းအုပ်စုများ ခွဲပြီး သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ နှုန်းထားသစ် ပြောင်းလဲ ကောက်ခံ သွားမည် ဖြစ်ကြောင်း SKY NET အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်က ပြော ကြား သည်။

လစဉ်ကြေးများ ပြောင်းလဲ ကောက်ခံရာတွင် ရုပ်သံလိုင်းပေါင်း ၂၀ မှ လိုင်းပေါင်း ၁၀၀ ကျော်အထိ ကြည့်ရှုနိုင်မည့် Package သုံးမျိုး ခွဲခြား ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ SN-1၊ SN-2 နှင့် SN-3 ဟူ၍ Package သုံးမျိုး ခွဲထားပြီး တစ်လချင်း ဝယ်ယူ ကြည့်ရှုမည် ဆိုပါက လစဉ်ကြေးများကို ၃,၆၀၀၊ ၁၄,၄၀၀ နှင့် ၁၉,၈၀၀ ကျပ် အသီးသီး သတ်မှတ်ထားကြောင်း၊ ကြည့်ရှုခွင့် တစ်နှစ်စာ တစ်ပေါင်းတည်း ဝယ်ယူသူများအတွက် SN-2 အတွက် လစဉ်ကြေး တစ်လ ၁၂,၀၀၀ နှုန်းဖြင့် လည်းကောင်း၊ SN-3 အတွက် လစဉ်ကြေး တစ်လ ၁၆,၀၀၀ နှုန်းဖြင့် လည်းကောင်း သတ်မှတ်ထားကြောင်း SKY NET က ထုတ်ပြန်သည်။

ယင်းဈေးနှုန်းများမှာ SN-2 အတွက် ၃၃ ရာခိုင်နှုန်း၊ SN-3 အတွက် ၅၀ ရာခိုင်နှုန်း ဈေးလျှော့ ရောင်းချ ထားခြင်းဖြစ်ကြောင်း အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်က ပြောကြားသည်။ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီ ပရီးမီးယားလိဂ် ဘောလုံး ပြိုင်ပွဲများနှင့် အခြား ရုပ်သံလိုင်း စုစုပေါင်း ၁၀၀ ကျော်ကို ကြည့်ရှုနိုင်မည့် SN-3 Package ကို ဝယ်ယူပါက ဥရောပ ဘောလုံးပြိုင်ပွဲများ အားလုံးကို ဖမ်းယူ ကြည့်ရှုနိုင် မည် ဖြစ်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။ SN-2 တွင် မူလ ထုတ်လွှင့်နေသည့် အားကစား အစီအစဉ်များအပြင် ပရီးမီးယားလိဂ် တစ်ပတ်လျှင် သုံးပွဲနှုန်း ပြသသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “လစဉ်ကြေး ပြောင်းတာ ပရီးမီးယားလိဂ်ကြောင့် မဟုတ်ပါဘူး။ လိုင်းတွေ ထပ်တိုးလိုက်တဲ့အတွက် ပြောင်းတာပါ” ဟု ၎င်းက ရှင်းပြသည်။

ထို့ပြင် HD ရုပ်သံလိုင်းများကိုလည်း ထပ်မံ ထုတ်လွှင့်ပေးမည် ဖြစ်ပြီး HD Package သီးသန့်အတွက် တစ်လလျှင် ၂၀,၀၀၀ ကျပ်နှင့် SN-2 နှင့် အတူ တွဲဝယ်ယူပါက လစဉ်ကြေး ကျပ် ၉,၀၀၀ နှင့် SN-3 ဝယ်ယူထားသူများ အတွက် လစဉ်ကြေး ကျပ် ၆၀၀၀ ထပ်မံ ကျသင့်မည် ဖြစ်ကြောင်း SKY NET ထံမှ သိရသည်။ SKY NET ရုပ်သံလိုင်း ကြည့်ရှုခွင့် လစဉ်ကြေး နှုန်းထားများမှာ ယခင်က တစ်လအတွက် အများဆုံး ၁၂,၀၀၀ ကျပ်နှင့် တစ်နှစ်စာ ဝယ်ယူ ကြည့်ရှုသူ များအတွက် တစ်လ ၉,၉၀၀ ကျပ်နှုန်းဖြင့် ကောက်ခံနေခြင်း ဖြစ်သည်။

Ref:  yoyarlay

မြန်မာနိုင်ငံတွင် Voice Mail စတင်အသုံးပြုနိုင်ပြီဆိုပဲ...


Voice Mail ဆိုတာကတော့ ဖုန်း Message တွေပို့သလို စာသားနဲ့မဟုတ်ဘဲ
အသံနဲ့ပေးပို့တဲ့သဘောမျိုးပဲဖြစ်ပါတယ်။
GSM/WCDMA တွေမှာအသုံးပြုနိုင် ပြီး ၁၅၀၀ ဖုန်းတွေမှာတော့
အသုံးပြုလို့ ရနိုင်မရနိုင်ကတော့ သေချာမသိပါဘူး။

အသုံးပြုပုံကတော့ ...
မိမိဆီကိုဝင်တဲ့ Voice Mail အသစ်ရှိရင် Message Box ထဲမှာ ဘယ်သူ့ဆီ
ကပို့ထားကြောင်း Message ၀င်ပါတယ်။ မိမိဆီကိုဝင်ထားတဲ့ Voice Mail
တွေကိုစစ်မယ်ဆို 1550 ကိုဖုန်းခေါ်ပြီး၏ ပြန်လည်ဖြေကြားတဲ့အခါမှာ 1 ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။
အခြားဖုန်းဆီကို Voice Mail ပို့ချင်တယ်ဆိုရင်တော့ 1550 ကိုဖုန်းခေါ်ပြီး
ပြန်လည်ဖြေကြားတဲ့အခါမှာ 2 ကိုနှိပ်ပါ ပြီးလျှင် ပို့ချင်သည့်ဖုန်းနံပါတ်ကို
နှိပ်ပြီး * (star) ကိုနှိပ်ရမှာဖြစ်ပါတယ်။
Voice Mail ကိုစတင်အသုံးပြုဖို့အတွက် MPT တွင်လျောက်ထားရမှာ
ဖြစ်ပြီး လက်ရှိအခြေနေမှာတော့ SMS ကတဆင့်လျောက်လို့မရသေးကြောင်း
Voice Mail အသုံးပြုလိုပါက ရွှေဂုံတိုင်ရုံးတွင် ၁၅၀၀ ကျပ်ဖြင့်လျောက်ထား
နိုင်ကြောင်း Yadanarpone Teleport မှဖြေကြားချက်အရသိရှိရပါကြောင်း။


Ref : Thit Htoo Lwin


Credit to : Alex in WinKabarKyaw.net

Wednesday, July 24, 2013

၂၅.၇.၂၀၁၃ တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖြန့်ချီမည့် GSM နှင့် CDMA သတင်း



မနက်ဖြန်ပေါ့နော်၂၅.၇.၂၀၁၃ တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖြန့်ချီမည့် GSM နှင့် CDMA သတင်း

၁။ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ် တန်ဖိုးနည်းမိုဘိုင်းဖုန်း(၃၅၀၀၀၀)စီကို ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏အစီအစဉ်ဖြင့် ၂၀၁၃ ခုနှစ်၊ ဧပြီလမှ စတင်၍ပြည်သူများ အလွယ်တကူ အဆင်ပြေချောမွေ့စွာ ဆက်သွယ်အသုံးပြုနိုင်ရေး အတွက် ခွဲဝေရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။

၂။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် CDMA 800 MHZ (MEC Tel) မိုဘိုင်းဖုန်းနှင့် GSM မိုဘိုင်းဖုန်းများကို ၂၀၁၃ခုနှစ် ဇူလိုင်လတွင် ဆက်လက်ရောင်းချပေးသွားရန် စီစဉ်လျှက်ရှိရာ လက်ရှိတပ်ဆင်ပေးထားသော လိုင်းအင်အားနှင့် အမှန်တကယ် သုံးစွဲနေသောအခြေအနေ များအရ ကယားပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် တပ်ဆင်ပြီး GSM ရေဒီယို လက်ကျန်လိုင်းအင်အား နည်းပါးနေပါ၍အဆိုပါဒေသတွင် လိုင်းကျပ်မှုများကြောင့် ဆက်သွယ်မှု အဆင်မပြေမှုများ မဖြစ်ပေါ်စေရန် အတွက် GSM SIM Card အရေအတွက် လျှော့ပေါ့ရောင်းချသွားမည်ဖြစ်ပြီး ၊ ကျန်ပြည်နယ်နှင့် တိုင်း ဒေသများတွင် မိုဘိုင်းဖုန်းများကို လက်ရှိထပ်မံတပ်ဆင်ပေးနိုင်မည့် လိုင်းအင်အားအခြေအနေအရ အချိုး ကျခွဲဝေပြီး တပ်ဆင်ပေးရန် လျာထားတွက်ချက်ထားပါသည်။

၃။ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏အစီအစဉ် ဖြင့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ် ကြိုတင်သွင်းထားသော CDMA 800 MHZ (MEC Tel) မိုဘိုင်းဖုန်း (၁၅၀၀၀၀)နှင့် GSM မိုဘိုင်းဖုန်း (၂၀၀၀၀၀)၊ စုစုပေါင်း(၃၅၀၀၀၀)ကို SIM Card တစ်ခုအတွက် ၁၅၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။

၎။ ပြည်သူများသက်သာသောနှုန်းထားဖြင့် အမှန်တကယ်အသုံးပြုနိုင်ရန်ရည်ရွယ်၍ ရောင်းချခြင်း ဖြစ်ပါ၍ဖုန်းကဒ်ဝယ်ယူထားသည့် နေ့မှစ၍(၁၅)ရက်အတွင်း တယ်လီဖုန်း SIM Card တွင် မူလထည့်သွင်း ပေးထားသည့်တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ်မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ကျပ် တန် ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ငွေဖြည့်သုံးစွဲရမည်။ SIM Card ကို အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်း ရောင်းချခြင်းမှကာကွယ်ရန်အတွက် ၁၅ရက်အတွင်းအသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလို အလျောက်လိုင်းပိတ်သွားမည်ဖြစ်ပါသည်။

၅။ ဤတန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများကို လစဉ်ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ပြောဆိုခကျပ် ၂၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီးဖြစ်ပါ၍နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကဒ်မှ ၅၀၀၀ကျပ်ကို အပြည့်မသုံးစွဲပါက အလိုအလျောက်ကျပ် ၅၀၀၀ပြည့်သည်အထိ ဖြတ်တောက်သွားမည်ဖြစ်ပြီး ဖြည့်သွင်း ထားသောငွေကုန်ဆုံးပြီးနောက် ၁၅ရက်အတွက် ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက်လိုင်းပိတ်သွားမည်ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း


မြန်မာ့ အင်တာနက် အရင်ကထက် ခုတစ်လ ပိုနှေးမည်

 
 
 
 
 မြန်မာနိုင်ငံ၏ အင်တာနက် ဆက်သွယ်ရေး ပင်မလမ်းကြောင်း တစ်ခုဖြစ်သည့် ပင်လယ်ရေအောက် ဖိုင်ဘာ ကေဘယ် SE-ME-WE 3 အင်တာနက် ဆက်ကြောင်း ချို့ယွင်းမှုကြောင့် အင်တာနက် အမြန်နှုန်းများ တစ်လခန့် နှေးကွေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

အဆိုပါက ဖိုင်ဘာ ဆက်ကြောင်းသည် ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၅ နာရီတွင် ချို့ယွင်းခဲ့သဖြင့် အင်တာနက်နှင့် နိုင်ငံခြား ဖုန်းခေါ်ဆိုမှုများကို ကုန်းတွင်း နယ်စပ် ဖြတ်ကျော် ဖိုင်ဘာ ဆက်ကြောင်း များသို့ ပြောင်းလဲ ချိတ်ဆက်ထားကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်သည်။

“စင်ကာပူက အဖွဲ့နဲ့ ပြင်ဖို့ ညှိနေတယ်။ တစ်လလောက် ကြာမှာဆိုတော့ အဲဒီအချိန်အတွင်း အင်တာနက်တော့ နှေးမှာပဲ” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် ချိတ်ဆက်ထားသည့် အဆိုပါ SE-ME-WE 3 ဆက်ကြောင်း ၏ မြန်မာနိုင်ငံတွင်း လမ်းကြောင်း တစ်လျှောက်ကို စစ်ဆေးရာ ပင်လယ်အတွင်း ၁၃ ကီလိုမီတာ ဝန်းကျင် တွင် ပြတ်တောက်နေသည်ကို တွေ့ရပြီး စင်ကာပူနိုင်ငံမှ ပင်လယ်ရေအောက် ကေဘယ် ပြုပြင်ရေး အဖွဲ့ကို ခေါ်ယူ ပြင်ဆင် မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

မြန်မာနိုင်ငံ၏ အဓိက အင်တာနက် ဆက်ကြောင်းမှာ တစ်ခုတည်းသာ ရှိနေသေးပြီး ယခုအတိုင်း ချို့ယွင်းမှုများ မကြာခဏ ဖြစ်ပွားပါက စီးပွားရေး လုပ်ငန်းများအတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင် ကြောင်း မြန်မာ အင်တာနက် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ MIDO မှ ကိုညီညီ (သံလွင်) က ပြောကြားသည်။

ယင်းသို့ ဆုံးရှုံးမှုများကို ကာကွယ်ရန် ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေ များ ရေးဆွဲရာတွင် ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

သက်တမ်း နှစ် ၃၀ သတ်မှတ်ထားသည့် SE-ME-WE 3 ကေဘယ်လ် ကို မြန်မာ အပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံမှ ချိတ်ဆက် အသုံးပြုနေပြီး လက်ရှိ သက်တမ်း နှစ် ၂၀ ရှိပြီဖြစ်၍ မကြာခဏ ပြတ်တောက်မှု များ ဖြစ်ပွားလေ့ ရှိသဖြင့် SE-ME-WE 5 ဆက်ကြောင်းသစ်နှင့် ချိတ်ဆက် မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။

 
Ref :အေးချမ်းမွန်

Thursday, July 18, 2013

မိုဘိုင်းအင်တာနက်ကို ဖုန်းကတစ်ဆင့်လျှောက်နိုင်မည်



မိုဘိုင်းအင်တာနက်ကို ဖုန်းကတစ်ဆင့်လျှောက်နိုင်မည်
မိုဘိုင်းအင်တာနက် လျှောက်ထားချင်သူတွေအတွက်

 သြဂုတ်လ ၁ ရက်နေ့က စပြီး မက်ဆေ့ခ်ျ နံပါတ် 133 ကတစ်ဆင့် မိုဘိုင်းအင်တာနက်လျှောက်ထားနိုင်ပြီလို့

 မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်းက ကျောင်းအုပ်ကြီး ဦးကျော်စိုးထံက သိရပါတယ်။

ကနဦးလျှောက်ထားမှုအတွက် ယခင်အင်တာနက်လျှောက်တုန်းက

 နှုန်းထားအတိုင်း ကျပ် တစ်သောင်း ကျသင့်မှာဖြစ်ပါတယ်။ 

မက်ဆေ့ခ်ျပို့ပြီး လျှောက်ထားဖို့အတွက် ဖုန်းထဲမှာ ကြိုတင်ငွေ ကျပ် တစ်သောင်းရှိဖို့လိုပါတယ်။ 

လျှောက်ထားသူတွေအနေနဲ့ မက်ဆေ့ခ်ျနံပါတ် 133 ကို ရိုက်နှိပ်ပြီး လျှောက်ထားရမှာပါ။

 စက္ကန့်အနည်းငယ်အတွင်း အင်တာနက်လျှောက်ထားမှုအတွက်

 လက်ခံရရှိကြောင်းကို စာတို မက်ဆေ့ခ်ျအနေနဲ့ “You have order data service successfully” ဆိုပြီး 

မက်ဆေ့ခ်ျပြန်ပို့ပေးလာခဲ့ရင် အင်တာနက်လျှောက်ထားမှု ပြီးမြောက်ပြီဖြစ်ပါတယ်။ 

မက်ဆေ့ခ်ျရောက်တာနဲ့ တစ်ပြိုင်နက် ဖုန်းမှာ အင်တာနက်ကို အလိုအလျောက်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ 

အင်တာနက်အသုံးပြုခအတွက် ဂျီအက်စ်အမ်ဖုန်းကို တစ်မိနစ်ကို နှစ်ကျပ် ကျသင့်မှာဖြစ်ပြီး

 စီဒီအမ်အေနဲ့ သရီးဂျီဖုန်းအတွက်က တစ်မိနစ်ကို လေးကျပ် ကျသင့်မှာဖြစ်ပါတယ်။

Friday, July 5, 2013

ဖုန်းဖြင့် ငွေလွှဲနိုင်မည့် အသေးစား ဘဏ်ဝန်ဆောင်မှု သြဂုတ်လတွင် စတင်မည်


Mobile Banking (ဘဏ်ကြီးတစ်ခုမှ ကိုယ်စားလှယ်ပေးထားသော ဘဏ်ဝန် ဆောင်မှုလုပ်ငန်းငယ်များ) စနစ်အား လာမည့် သြဂုတ်လမှ စတင်ကာ ရန်ကုန်နှင့် ပဲခူးဒေသတို့တွင် စတင်ဝန်ဆောင်မှုပေးတော့မည်ဖြစ်ကြောင်း CB ဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာဦးဖေမြင့်က မဇ္စျိမသို့ ပြောကြားလိုက်သည်။

အဆိုပါ Mobile Banking အား မိုဘိုင်း တယ်လီဖုန်းမှတစ်ဆင့် ဆောင်ရွက်မည်ဖြစ်ကာ ဘဏ်ခွဲ ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော နယ်မြေများတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ပေးရန်အတွက် ကိုယ်စားလှယ်ပေး၍ ဆောင်ရွက်စေမည့် စနစ်ဖြစ်ကာ သုံးစွဲလိုသူများအနေဖြင့် တယ်လီဖုန်းမှ တစ်ဆင့် ငွေပေးပို့လွှဲယူနိုင်မည် ဖြစ်ကြောင်းဆိုသည်။

ဦးဖေမြင့် က ''ဒါက ဘဏ်အသေးစားလေးပါ။ ငွေလွှဲမယ့်လူနဲ့ လက်ခံမယ်သူက မိုဘိုင်းဖုန်းရှိရမယ်။ ငွေလွှဲတဲ့ သူက ငွေလက်ခံသူကို နံပါတ်ကုတ် တစ်ခုပို့မယ်။ အဲဒါနဲ့ မြို့နယ်တွေမှာရှိတဲ့ အေဂျင်စီတွေဆီမှာ ငွေထုတ်ရမယ်'' ဟု ပြောသည်။

အဆိုပါ ဘဏ်လုပ်ငန်းကိုယ်စားလှယ် ဆောင်ရွက်မည့်သူများအား စပေါ်ငွေ ကျပ်သိန်း၂ဝဝ ခန့် ပေးသွင်းထားစေမည် ဖြစ်ကြောင်း ယင်းက ဆက်လက်ပြော ကြားသည်။

ယင်းက ''ငွေက အများဆုံး ဆယ်သိန်းလောက် လွှဲနိုင်မယ်။ ခုလောလောဆယ်တော့ အေဂျင်စီတွေကို စတင်ရွေးချယ် နေပြီ'' ဟုပြောသည်။

အဆိုပါ ကဲ့သို့သော ဘဏ်လုပ်ငန်းဝန် ဆောင်မှုများ ပေါ်ပေါက်လာပါက ဟွန်ဒီ လုပ်ငန်းများအား အစားထိုးနိုင်မည်ဖြစ်ပြီး ပိုမို၍ အာမခံချက်ရှိနိုင်သော်လည်း အမှားအယွင်းကင်းရန် လိုအပ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးနှင်းဦး က ပြောသည်။ ယင်းက'' ဒီ မိုဘိုင်းဘဏ် စနစ်က အသေးစား လုပ်ငန်းရှင်တွေအ တွက် ပိုပြီး အဆင်ပြေနိုင်တယ်။

ဒါပေမဲ့ငွေပို့တဲ့ဟာကို အာမခံပေးဖို့ တော့လိုတယ်'' ဟု အထက်ပါကဲ့သို့ ဘဏ် ဝန်ဆောင်မှုလုပ်ငန်း ကိုယ်စားလှယ် များအား စနစ်တကျ အာမခံပေးထားရန် လို အပ်မည်ဖြစ်ကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် ဦးအောင်ကျော်စွာရှိန် က ဆက်လက် အကြံပြုပြောကြားသည်။

ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များအနက် ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ် အနေဖြင့်လည်း အထက်ပါစနစ်အတွက် ပြင်ဆင်မှုများကို ဆောင်ရွက်နေပြီဖြစ်သော်လည်း လက်တလောအားဖြင့် စတင်နိုင်မည် မဟုတ်သေးကြောင်း ယင်းဘဏ်မှ အကြီးတန်းမန်နေဂျာ ဦးဇော်လင်းထွဋ် က မဇ္ဈိမသို့ ပြောကြားသည်။

မင်းသူရ(မဇ္ဇျိမ)

Wednesday, July 3, 2013

Samsung ဖုန်းများအားလုံးတွင်မြန်မာစာစနစ်တရားဝင် ထည့်သွင်းပေးလိုက်ပြီဟုဆို

 
samsung Galaxy S4 များကို Official မြန်မာစာ Support ပေးပြီးသည့် နောက် တစ်ပတ်အကြာ ၂၀၁၃ ဇူလိုင်လမှစတင်၍ Samsung Galaxy Grand (GT 9082) ဖုန်းနှင့် အခြား Android 4.1 နှင့်အထက် Official update ပေးသည့် Samsung ဖုန်းများကိုလည်း Samsung မှ မြန်မာစာတရားဝင်ထည့်သွင်းပေးလိုက်ပြီဟု သိရသည်။ Root လုပ်မထားသော မိမိတို့ Galaxy Grand ဖုန်းများကို Online မှတိုက်ရိုက် Update ပြုလုပ်လိုက်ပါက Update အသစ်တွင် မြန်မာစာပါဝင်လာပြီဟုသိရသည်။ မိုဘိုင်းကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ကိုမင်းသုနောင်ကလည်း “Galaxy Grand (GT 9082) ကို ယနေ့ နေ့လယ်မှစတင်ကာ
မြန်မာစာ update ပေးလိုက်ပါပြီ။ Galaxy Grand (CDMA+GSM) မြန်မာစာ ပါတဲ့ဖုန်း ၀င်လာပြီးတဲ့ နောက်ပိုင်းမှာ Samsung က ကျန်တဲ့ ဖုန်းတွေရော တရားဝင် မြန်မာစာစနစ် ထည့်သွင်းပေးလိုက်ပါပြီ။ 4.1 Jelly Bean နဲ့အထက် Samusung ဖုန်းတွေ အကုန်လုံး ရလိမ့်မယ်လို့မျှော်လင့်ပါတယ်။
သူငယ်ချင်းတို့ ထဲမှာရှိရင် စမ်းသပ်ကြည့်ကြပါ။ ကျွန်တော့် Galaxy Grand လေးတော့ Built-in မြန်မာစာ စနစ် ရသွားပါပြီ။ဘာ app မှ သုံးစရာမလိုဘဲ system update ပြုလုပ်ရုံနဲ့ မြန်မာစာနဲ့ပတ်သက်တာ အကုန်လုံး အဆင်ပြေသွားမှာဖြစ်ပါတယ် ” လို့ပြောပါတယ်။ Samsung Galaxy Grand အပြင် Samsung ကလက်ရှိ မြန်မာစာ ပါဝင်သည့် Update ကို Online မှမြှင့်ရန်အဆင်မပြေပါက Samsung Show ROM များတွင်သွားရောက် Update လုပ်နိုင်ကြောင်းလည်းသိရသည်။ HTC ပြီးလျှင် Samsung ဖုန်းများသည် မြန်မာစာစနစ်တရားဝင်ပါဝင်လာသော ဒုတိယမြောက်နာမည်ကြီး ဖုန်းအမျိုးအစားလည်းဖြစ်သည်
။
Credit : သက်နိုင်စိုး
Myanmar Mobile App Store (www.myanmarmobileapp.com)

Friday, June 21, 2013

1G,2G, 3G, 4G ဆက်သွယ်ရေးနစ် နှိုင်းယှဉ်ခြင်း



အကြမ်းဖျဉ်း ရှင်းပြရုံလေးပါ။ အသေးစိတ်ကိုတော့ Wireless Communication နည်းပညာစာအုပ်တွေ မှာ အကြယ်တစ်ပွင့် ရှင်းလင်း ထားပါတယ်။ ယခုက သာမန်လူတစ်ယောက်အနေနဲ့ အခြေခံအားဖြင့် သိရှိရန် ရေးသားမျှဝေ လိုက်ရ ပါတယ်။


1G - အသံပဲ ပို့နိုင့်၊ရောက်နိုင်ပါတယ်။ အနီးစပ်ဆုံး ဥပမာ အနေနဲ့ကတော့ တစ်ချိန်တုန်းက ပေါ်ခဲ့ဖူးတဲ့ ဆယ်လူလာ ဖုန်းတွေပါ။ ဆယ်လူလာတောင် Analogue Signal သုံးတဲ့ ဆယ်လူလာဖြစ်ပြီး လိုင်း က ပြတ်တောင်းပြတ်တောင်း ဖြစ် ပါတယ်။

2G - အသံ အပြင်၊ Data ပါ Transfer လုပ်လို့ ရပါတယ်။ သူကတော့ ဒစ်ဂျစ်တယ် ဆယ်လူလာ အဆင့်ရောက်သွား ပါပြီ။ လက်ရှိ မြန်မာပြည်က ဆက်သွယ်ရေး စနစ်မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ GSM, CDMA, TDMA တို့ ဖြစ်ပါတယ်။

2.5G  - 2G ကို အဆင့်အနည်းငယ် မြင့်လိုက်တာပါ။ ဒီတော့ Data Rate ပိုမြင့်လာတာ ထူးခြားသွားပါတယ်။

3G - သူကတော့ အသံလည်းရ၊ အချက်အလက်လည်းရ၊ ဗီဒီယို signal ပါပို့လို့ရတဲ့ ဆက်သွယ်ရေး စနစ်ပါ။ အင်တာနက် ပါ အသုံးပြုလို့ ရပါတယ်။ လက်ရှိ ကမ္ဘာမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲပါ။ 3G, WCDMA တို့လို ဆက်သွယ်ရေး စနစ် ဖြစ်ပါတယ်။

4G - 3G ထက်ပိုအဆင့်မြင့်သွားပါပြီ။ LTE လို့ ဥရောပမှာ ခေါ်ဆိုပေမယ့် 4G နဲ့ LTE မှာကွဲပြားမှု အနည်းငယ် ရှိပါတယ်။ သို့ပေမယ့် တူတယ်လို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်။
--
Ref: Cisco
Aung Kham (TSJ team)

Tuesday, June 4, 2013

မြန်မာနိုင်ငံတွင် 4G Network စနစ်ကိုစတင်စမ်းသပ်လျက်ရှိဟုဆို


မိုဘိုင်းဖုန်းတွေအတွက် 4 G စနစ်ကိုစတင်စမ်းသပ်လျက်ရှိကြောင်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်ဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးသောင်းတင်ပြောကြားခဲ့ပါတယ်။ LTE ကို Trial အနေနဲ့စတင်စမ်းဖို့လုပ်နေကြောင်း ၊ သို့သော် 4G LTE စနစ်ကိုတစ်နိုင်ငံလုံးအတွက်မဟုတ်သေးဘဲ အရှေ့တောင်အာရှဆီးဂိမ်းအားကစားပွဲနှင့် ဆီးဂိမ်အားကစားပွဲကာလအတွက်သာဖြစ်ကြောင်းနဲ့
အားကစားပွဲပြုလုပ်မည့်နေရာများတွင်သာအသုံးပြုနိုင်မှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဂျပန်ကုမ္ပဏီတွေက အကူအညီပေးမယ့် ကိစ္စရပ်တွေမှာ LTE Point တွေအတွက်အကူအညီပေးမယ့်ကိစ္စရပ်တွေလည်း ပါဝင်ကြောင်း ဦးသောင်းတင်မှပြောကြားခဲ့ပါတယ်။
Ref & Credit: Eleven Media Group
နည်းပညာတက္ကသိုလ်(မကွေး) 

Wednesday, February 13, 2013

မြန်မာ့ဆက်သွယ်ရေးမှ အရာရှိ ရှစ်ဦးကို အများနှင့်ဆိုင်သော ပစ္စည်းကာကွယ်သည့် ဥပဒေဖြင့် တရားစွဲမည်


ပြည်ထဲရေး ၀န်ကြီးဌာနလက် အောက်ရှိ အထူးစုံစမ်း စစ်ဆေးရေးဌာနက တာဝန်ယူစစ်ဆေးနေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိ ရှစ်ဦးကို အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်သည့်ဥပဒေ (အပက-၃)ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
နိုင်ငံတော်ပိုင် ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်မှု၊ ပြည်တွင်းဆက်သွယ်ရေးကဏ္ဍအ တွက် ၎င်းတို့သုံးစွဲသည့် စက်ပစ္စည်းများ၏ေõဈးနှုန်းပမာဏများကို မူရင်းနှုန်းထားများထက် အဆများစွာ ပိုမိုတင်ပြတောင်းခံမှုအပါအ၀င် အခြားသော သံသယရှိဖွယ်ပြဿနာများအတွက် ယခုကဲ့သို့ ပုဒ်မ ၄၀၉ မှ အပက-၃ သို့ ပြောင်းလဲတရားစွဲဆိုရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတွင် ပုဒ်မ ၄၀၉ ဖြင့် စစ်ဆေးခံနေရသည့် အဆိုပါ ပုဂ္ဂိုလ်ရှစ်ဦးသည် အပက-၃ သို့ ပြောင်းလဲတရား စွဲဆိုခံရပြီး ပြစ်မှုထင်ရှားသည်ဆိုပါက အနည်း ဆုံးထောင်ဒဏ်ဆယ်နှစ်မှ အများဆုံး တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်ကြောင်း နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းဌာန၏ ဒုတိယရဲမှူးကြီးဝင်းစိန်ကပြောသည်။
“အခုအချိန်မှာ ပြောနိုင်တာက ပုဒ်မ ၄၀၉ ကနေ အပက-၃ ကိုတက်ဖို့ကတော့ သေချာနေပါ တယ်။ ပြစ်မှုမြောက်ရင်တော့ ဥပဒေအတိုင်း အရေးယူသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာကတော့ ဒီထက်အများကြီး မသိရသေးဘူးဖြစ်နေတယ်။ စစ်ဆေးဆဲကာလက မတက်သေးဘူးပေါ့” ဟုအထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
အပက-၃ ဖြင့် တရားစွဲဆိုခြင်းကို နှစ်လအတွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။
အရာရှိရှစ်ဦးတွင် ယခင်က မိုဘိုင်းအင်ဂျင်နီယာချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသည့် လက်ရှိမြန်မာ့ဆက်သွယ်ရေး၏ အထွေ ထွေမန်နေဂျာ အပါအ၀င် အင် ဂျင်နီယာချုပ် အဆင့်ရှိသူများနှင့်အတူ မြန်မာ့ဆက်သွယ်ရေးနှင့် အနီးစပ်ဆုံး လုပ်ငန်းတစ်ခုဖြစ် သော ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် အကျိုးတူ
ပူးပေါင်းထားသော အခြားပုဂ္ဂလိက လက်ခြေခံကုမ္ပဏီ အချို့မှ တာဝန်ရှိသူအချို့လည်း စစ်ဆေးမေးမြန်းမှုများတွင် ပါဝင်နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

Ref & Credit to 7 Days News Journal

ဖုန်းဆင်းကတ်များကို အများပြည်သူအလွယ်တကူ ဝယ်ယူနိုင်မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်တွင် စရောင်းမည်


Posted By nyanthu.blogspot.com



ဖုန်းဆင်းကတ်များကို အများပြည်သူ အလွယ်တကူဝယ်ယူနိုင် မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်နေ့တွင် စတင် ရောင်းချပေး မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
ယင်းသို့ ဆင်းကတ်ရောင်းမည့် အချိန်ကိုအတိအကျ ပြောဆိုသော် လည်း ပြည်သူများသိချင်နေကြသော ဆင်းကတ် ဈေးနှုန်းအတိ အကျကိုမူ ပြည်ထောင်စု ဝန်ကြီးက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
”ဈေးနှုန်းကိုတော့ ကျွန်တော် သိနေပါတယ်။ ဒါပေမဲ့ ဒီထက် လည်း လျော့သွားနိုင်သလို နည်းနည်းလည်း အပြောင်းအလဲ ရှိသွားနိုင်တယ်။ ဒါကြောင့် အခုနေအခါမှာ ဈေးနှုန်းပြောလလိုက်လို့ အပြောင်းအလဲရှိသွားခဲ့ရင် ဘယ်ကောင်း မလဲ”ဟု ပြည်ထောင်စု
ဝန်ကြီးက ပြောသည်။
ပြည်သူတို့ အလွယ်တကူ ဝယ်ယူနိုင် မည့်ဈေးနှုန်းတစ်ခု ဖြစ်လိမ့် မည့်အကြောင်း ဦးစိုးသိန်းက ကတိပြုပြောသည်။ အစိုးရက ကျပ်နှစ်သိန်းတန်ဖုန်းများ ရောင်းချနေစဉ်တွင် ရွှေပြည်တံခွန် ကုမ္ပဏီက ကျပ် ၅ဝဝဝ တန်ဖုန်းများ ရောင်းချပေးမည်ဟု ပြောဆိုခဲ့ဖူးပြီး ဆက်သွယ်ရေးလုပ်ငန်း၌ အော်ပရေတာ အဖြစ်ရွေးချယ်ခံရပါက …
ဖုန်းဆင်းကတ်နှင့် အင်တာ နက်လိုင်းများကို အခမဲ့ ပေးသွား မည်ဟု Red Link ကုမ္ပဏီကလည်း ဖေဖော်ဝါရီ ပထမပတ်အတွင်းက ကြေညာခဲ့သည်။
”မူကိုက တကယ်ကျသွား အောင်ကို လုပ်ရမယ်လေ။ အခု ဟာက ဆက်သွယ်ရေးက အမှုကို တာဝန်ရှိသူတွေ စစ်ဆေးနေတော့ ဖုန်းရောင်းချမယ့် ကိစ္စကို လတ် တလော မလုပ်နိုင်သေးတာ” ဟု ဦးစိုးသိန်းက ဆက်ပြောသည်။
ဆက်သွယ်ရေးသတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က အများဝမ်းမြောက်ဝမ်းသာဖြစ် မည့် ဈေးနှုန်းတစ်ခုဖြင့် ဖုန်းများ ရောင်း ချပေးမည့်အကြောင်း ဇန်နဝါရီလ အတွင်းက ပြောကြားခဲ့သည်။
Credit to: Popular Myanmar News Journal