Saturday, November 23, 2013

Apk လေးတစ်ခုလောက်မဖန်တီးချင်ကြဘူးလား?=codenameoneMaker


Apk လေးတစ်ခုလောက်များ မဖန်တီးချင်ကြဘူးလား ဘော်ဘော်တို့။ android ဖုန်းအတွက် application တွေဖန်တီးရတာ အရမ်းခက်တယ်ဆိုတာ သူငယ်ချင်းတို့သိမယ်ထင်ပါတယ်။ ပြီးတော့ ကွန်ပျူတာပေါ်မှာဖန်တီးရတာပါ။ ဖုန်းပေါ်မှာဖန်တီးနိုင်မယ်၊ လွယ်လည်းလွယ်ပါတယ်ဆို သူငယ်ချင်းတို့ကြိုက်လား။ အခုပေးမယ့် apk လေးနဲ့သူငယ်ချင်းတို့စိတ်ကြိုက် application လေးတွေအလွယ်ဖန်တီးနိုင်ပါပြီနော်။ သတင်းတွေဖတ်တဲ့ apk တို့ ဖုန်းငွေဖြည့်တဲ့ apk တို့ မြန်မာလိုcalculator တို့ dictionary တို့ စသည်ဖြင့် apk တော်၂များဖန်တီးလို့ရပါတယ်။ apk ဖိုင်လုပ်ဖို့အတွက်တော့ ကိုယ့်ရဲ့ email အကောင့်တစ်ခုတော့ လိုပါတယ်နော်။ ပြီးတော့ ဒီ apk လေးကပေးထားတဲ့ premium ကိုသုံးမယ်ဆိုရင် ကိုယ်ဖန်တီးပေးထားတဲ့ application ကို playstore မှာတောင်တင်ပေးပါတယ်ခင်ဗျား။ အော်မေ့လို့ နာမည်က codenameoneMaker လို့ခေါ်ပါတယ်ဗျား။


Credit to Nyinyi Lwin

အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)

1 comment:

  1. ကားတိုက်နေပါတယ်လို့ :(

    ReplyDelete

လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်