အခုတလော ဖေ့ဘွတ်တွေဖွင့်မရလို့  ပြန်ဖွင့်ခိုင်းတဲ့သူရယ် အသစ်လုပ်ခိုင်းသူရယ်
အတော်လေး ပေါနေတယ် မလုပ်ပေးချင်လို့ တော့မဟုတ်ဘူး အချိန်ဆင်းရဲလို့ ပါ
လုပ်တတ်သလောက် လုပ်ကြည့်ပြီး မရတာမေးရင် တော်သေးတယ် ဆိုတော့ကာ
အလွယ်လုပ်နည်း ရေးတင်လိုက်ပါတယ် ။ ဘာမှလည်း ခက်တာ မဟုတ်ဘူးနော
မှတ်ရမှာ တစ်ခုတော့ ရှိပါတယ် ။ Email လိပ်စာတစ်ခုမှာ Facebook တစ်ခုထဲပဲ
လုပ်လို့ ရမှာပါ တချို့ က သုံးပီးသားမေးလိပ်စာကြီးပေးတတ်လို့ ပါ အဲ့လိုအခါဆို
မေးတစ်ခုပါထပ်ဖွင့် ပေးလိုက်ရတယ် ။အကယ်၍ အခက်ခဲရှိတဲ့ မြန်မာပြည်ထဲက
မိတ်ဆွေတွေအတွက် ဖွင့်ပေးပါ့မယ် ။လိုချင်တဲ့ ပုံစံကို သေချာရေးပြီး မေးလိပ်စာ
ထဲကို ပို့ ပေးပါ ချက်တင်ဆိုရင် ပြန်ရှာရခက်ခဲလို့ ပါ ။ တခါတလေ မန်နေဂျာရှိလို့ 
သူဌေးလာလို့  အရေးပေါ် ပိတ်လိုက်ရတာ ရှိပါတယ် ။အဲ့လိုဆို ကူညီချင်ပေမယ့်
ပြန်ရှာဖို့ မလွယ်တာကြောင့် ဒီတိုင်း မသိမသာနေလိုက် ခဏနေ မကူညီဘူးဆိုပီး
ထဆဲတဲ့သူက ရှိသေးတယ် အဲ့တော့ ကူညီနိုင်သလောက် အချိန်ရသလောက်ကို
အတတ်နိုင်ဆုံး ကူညီပေးမည်ဖြစ်ကြောင်း အခြေခံပညာသင် ၀ါသနာတူတွေကို
အသိပေးပါတယ် ။ နည်းပညာအကူညီ တစ်ခုခုဆိုရင် ချက်တင်မှာ မပြောစေပဲနဲ့ 
ဖြစ်သမျှ ပြဿနာကို အသေးစိတ် စာစီ၍ မေးလိပ်စာထဲ ပို့ ပေးပါ သိခဲ့တယ်ဆို
ကူညီဖြေရှင်းပေး အကြောင်းပြန်မည် ဖြစ်ကြောင်း သိစေအပ်ပါသည်.............။
Ref to မောင်စွယ်စုံကျမ်း
0 comments:
Post a Comment
လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်