Audio CD သီချင်းတွေကို ကို ကွန်ပျူတာထဲသိမ်းတဲ့နည်းကို တစ်ချို့လူတွေက
မလုပ်တတ်ကြပါဘူး။ Audio CD ကူတတ်သလားဆိုရင်
မကူးတတ်တဲ့လူတွေအများကြီးရှိပါတယ်။ ဒါကလည်း ကိုယ်နဲ့မရင်းနှီး တာတို့
ကိုယ်နဲ့မသတ်ဆိုင်လို့မလေ့လာတာ တွေလည်းပါပါတယ်။ CD Drive ထဲမှာရှိတယ်
သီချင်းဖိုင်တွေကို Copy တို့ Send To တို့ လုပ်လို့မရပါဘူး။
ဒါကိုဘယ်လိုကူးမှာ လည်းလေ့လာ ကြည့်ကြရအောင်။
- CD/DVD Drive ထဲကို Audio CD ခွေထည့်ပါ။
- Autorun နဲ့တက်လာရင် Play Audio CD ကိုနှိပ်လိုက်ပါ။ Autorun နဲ့ မတက်လာရင်လည်း window media player ကိုဖွင့်လိုက်ပါ
- ကိုယ်ကူးချင်တဲ့ သီချင်းလေးတွေကို အမှန်ခြစ်ပေးပါ။ အဲဒီနေရာမှာ ပြောချင်တာက mp3 အနေနဲ့ယူချင်တယ်ဆိုရင် wmplayer ရဲ့ Menu bar က Option မှာ mp3 ဆိုပြီးဝင်ပြောင်းလို့ရပါတယ်ခင်ဗျာ
- ပြီးရင် Rip CD ကိုနှိပ်ပါ သီချင်းလေးတွေကူးနေတာကိုမြင်ရပါလိမ်မယ်။
- အဲဒီသီချင်းလေးတွေကို Libraries အောက်က Music ဆိုတဲ့ Folder ထဲမှာ Unknown artist ဆိုတဲ့ folder လေးတစ်ခုနဲ့ သီချင်းလေးတွေရောက်နေပါလိမ်မယ်။
တစ်ခြား Software တွေနဲ့လည်း ကူးလို့ရပါတယ် ကျွန်တော်က ကိုယ်စက်ထဲမှာရှိတဲ့ Player နဲ့ ကူးတဲ့ နည်းကိုပြောပြပေးတာပါ။
ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေလို့ဆုတောင်းလိုက်ပါတယ်။
မူရင်း >>> မျိုးကိုဝင်း (ပင်လည်ဘူး)
အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)
0 comments:
Post a Comment
လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်