Android ဖုန်းများ မြန်မာဖောင့်ထည့်သွင်းပေးမယ့် Smart Zawgyi Installer -2 လေးထွက်လာပါပီဗျ.....
ဒီ Installer လေးကိုဖန်တီးသူကတော့ Developer Ko Kyaw Swar Twin ပါ....
Smart Zawgyi Installer - 2 မှာဆိုရင် အခုနောက်ပိုင်းမှာ မြန်မာ့ဖောင့်ထည့်ရခက်သည်ဟု
နာမည်ကြီးနေသည့် Y511 ကို မြန်မာစာမှန်ကန်အောင် ထည့်သွင်းနိုင်သည်ဟုဆိုထားပါတယ်ဗျ...
ပထမထွက်တဲ့ Smart Zawgyi တုန်းက G610 တွေအတွက် မြန်မာစာအဆင်ပြေအောင်ဖန်တီးထားပါတယ်....
အခုထွက်တဲ့ Smart Zawgyi ကတော့ Y511 ကိုအဓိကထားပီဖန်တီးထားပါတယ်...
အခြား Android ဖုန်းတွေလည်း မြန်မာစာကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်....
www.mediafire.com/?77m2ilul9sk30ka
ဒေါင်းလို့ရတဲ့ zip ဖိုင်လေးကိုဖြည်ထားပါ....
ပီရင် ဖုန်းကို USB debugging နဲ့ Unknown Source ကိုအမှန်ခြစ်ပေးပီရင် ကွန်ပျူတာနဲ့ချိတ်ပါ....
ပီရင်ခုနက zip ဖြည်ထားတဲ့ဖိုင်ထဲက Installer.bat ဖိုင်လေးကို Run ပေးလိုက်ပါ...သူ့ဟာသူသွင်းပေးသွားပါမယ်...
အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)

0 comments:
Post a Comment
လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်