Saturday, October 26, 2013

MMAS Zawgyi Changer 2 v1.0.5 for android






Android ဖုန်းတွေကို မြန်မာစာ နဲ့ မြန်မာကီးဘုတ်ထည့်သွင်းချင်သူတွေအတွက် ဖုန်းထဲမှာတင်လွယ်လွယ်ကူကူ မြန်မာစာထည့်သွင်းနိုင်မယ့် Myanmar Mobile Zawgyi Changer 2 v1.0.5 ဗားရှင်းအသစ်လေးကိုထုတ်ဝေလိုက်ပါတယ် ။ Myanmar Mobile Zawgyi Changer 2 v1.0.5 ကို ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) မှရေးသားဖန်တီးထားပါတယ်။
MMAS Zawgyi Changer 2 v1.0.5 for Android မှာပါဝင်တဲ့ feature တွေအနေနဲ့
-Developer ကိုကျော်စွာသွင်ရဲ့ Smart Zawgyi 3 feature အသစ်ကို MMAS Zawgyi Changer 2 v1.0.5 တွင် Mobile Version အနေနဲ့ထည့်သွင်းရေးသားထားခြင်း
-Smart Zawgyi 3 feature တွေကတော့ လှပတင့်တယ်သည့် ဖောင့်စာလုံးပုံစံ
-ဖုန်းအမျိုးမျိုးနဲ့ အဆင်ပြေစေမည့်မြန်မာစာစနစ်
မြန်မာစာအဆင်မပြေသည့် နောက်ဆုံးထွက် Sony ဖုန်းများတွင် Orient Myanmar ကဲ့သို့ရှေ့နောက်မလွဲသည့်စနစ်
G610-U00,Y320-U00,Y511-U00 တို့ကဲ့သို့ မြန်မာစာမပေါ် ၀လုံးပေါ်သောဖုန်းများအတွက်အဆင်ပြေစေမည့်စနစ်တွေပါဝင်ပါတယ်။

-MMAS Zawgyi Changer 2 ရဲ့ အခြား feature တွေအနေနဲ့ကတော့ Smart Zawgyi နေရာမှာ အခြား font တွေဖြစ်တဲ့ Zawgyi font , Zawgyi Flower font, Zawgyi Dancing font , Sony Zawgyi font နဲ့ စံမြန်မာဖောင့်တွေပါဝင်ပြီး ယင်း font ခြောက်မျိုးစလုံးကိုစိတ်ကြိုက်ပြောင်းသုံးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။
-အရင် version တွေလို မူရင်းဖောင့်(ဥပမာ-တရုတ်ဖောင့်များ)ပျောက်မသွားအောင်လည်း ပြုလုပ်ပေးထားပါတယ်။

MMAS Zawgyi Changer 2 သည် www.myanmarmobileapp.com ၏ Product တစ်ခုဖြစ်ပါသည်။ MMAS Zawgyi Changer 2 v1.0.5 ကို Android version 4.0 မှ Android 4.3 အထိရှိသော ဖုန်းအားလုံးတွင်အသုံးပြုနိုင်မှာဖြစ်ပြီး Android 4.4 ထွက်ရှိလာပါကလည်း MMAS Zawgyi Changer 2 v1.0.5 နဲ့အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ ယခု Font Changer ကိုအသုံးပြုရန် ဖုန်းကို root လုပ်ထားဖို့လိုအပ်ပါတယ်။

Myanmar Mobile Zawgyi Changer 2 v1.0.5 for Android ကိုအောက်က link ကနေရယူနိုင်ပါတယ်။




အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)

သက်နို်င်စိုး
(Founder of Myanmar Mobile App Store)
www.myanmarmobileapp.com

10 comments:

  1. ကျေးဇူးအများကြီးတင်ပါတယ်...နည်းပညာကျောင်းသားလေးရေ...... အဆင်ပြေသွားပါပြီ

    ReplyDelete
  2. internet သုံးရင်စာတွေအဆုံးထိမပေါ် ဘူး ဖြစ်နေတယ်

    ReplyDelete
  3. ဆရာ​ရေ Lenovo A850 အတွက်​ အဆင်​​ပြေနိုင်​မလား ခင်​ဗျာ။လုံးဝကို မြန်​မာစာ မမြင်​ရလို့ပါ။

    ReplyDelete
  4. ဟုတ်ပါတယ်ဗျာ Lenovo A850 မှာဘယ်လိုမှမမြင်ရဘူးဗျာ။root လည်းလုပ်ထားပြီးပါပြီ ဒါပေမဲ့ဒီဖောင့် changer ကိုလည်းသုံးပြီးသွားပြီ ဖုန်း restart ကျသွားပြီး ပြန်တက်လာရင် တစ်ခြားဖုန်းတွေမှာဆို သုံးလို့ရပြီ A850 မှာတော့ ဘာမှကိုပေါ်မလာဘူး ဘယ်လိုလုပ်ရမလည်းနည်းနည်းလောက် ပြောပေးပါဦးဗျာ

    ReplyDelete
  5. imobile IQ 5.3 မှာ ကော လုပ်လို့ ရလားခင်ဗျာ....android version 4.2.1 ပါ.....

    ReplyDelete
  6. fb apk မှာ တော့ မရဘူဗျ

    ReplyDelete
  7. rsetartချတာပြန်တတ်မလာတော့ဘူးအကို ကူညီပါ

    ReplyDelete
  8. Lenovo a850 မှာ ဘယ်​လိုမှ မရဘူးခင်​​ဗျာ..ကူညီပါအုံး

    ReplyDelete
  9. ကျွန်တော်အခုlenovoA850နဲ့ပဲသုံးနေတယ်.
    အောက်ကapkနဲ့ အစဉ်ပြေသွားတယ်
    http://www42.zippyshare.com/v/8497312/file.html

    ReplyDelete
  10. ကျွန်တော်အခုlenovoA850နဲ့ပဲသုံးနေတယ်.
    အောက်ကapkနဲ့ အစဉ်ပြေသွားတယ်
    http://www42.zippyshare.com/v/8497312/file.html

    ReplyDelete

လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်