Monday, September 30, 2013

Y320-C00 Root + Myanmar Font

အရင်ဆုံး www.superlikeonline.com ကို Credit ပေးပါတယ်ခင်ဗျာ . . .
Y320C ဟာ ဈေးကွက်မှာ လူကြိုက်များလာပါတယ်.။ Version 4.1 ဖြစ်ပေမယ့် Emotion UI မသုံးထားတဲ့အတွက် User တွေအတွက် အခက်အခဲမဖြစ်စေဘဲ သုံးစွဲရ လွယ်ကူစေသလို Y300C, C8813 တို့မှာ ဖြစ်တတ်တဲ့ Viber အသံမထွက်ခြင်းစတဲ့ ဆော့ဖ်ဝဲလ်အယ်ရာတွေလည်း ကင်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Y300C, C8813, C8813D တွေမှာလို Network Unlock Code မတောင်းတဲ့အတွက်ကြောင့် ရောင်းသူတွေ အလုပ်မရှုပ်တော့သလို ၀ယ်သူတွေလည်း စိတ်ညစ်စရာ မလိုတော့လို့ ပိုပြီး လူကြိုက်များလာရတာပါ။ အရင်ကတော့ မြန်မာစာကို မှန်အောင် ရိုက်လို့ မရခဲ့ဘဲ လွဲနေခဲ့ပါတယ်။ ခုတော့ လက်တွေ့ စမ်းသပ်လုပ်ဆောင်ချက်အရ မြန်မာစာ လုံးဝ မှန်သွားပါပြီ။ ဒါဆို စလုပ်ကြည့်ကြရအောင်…

အရင်ဆုံး V-Root ကို ဒီလင့် မှာဒေါင်းပါ။ ဒေါင်းပြီးရင် Install လုပ်။ ပြီးရင်တော့ဖွင့်လိုက်ပါ။ Root လုပ်ဖို့အတွက်ကတော့ အမြစ်တူးမယ့်ဖုန်းမှာ USB Unkoown Source နဲ့ USB Debugging ကို ON ထားပေးပါ။ ဖုန်းကိုကွန်ပျူတာနဲ့ချိတ်လိုက်ပါ။ အဲဒါဆို ညာဘက်အောက်ခြေထောင့်နားမှာ Connecting ဆိုပြီးပေါ်နေပါလိမ့်မယ် Root လို့ပေါ်အောင်ခဏစောင့်ပါ။ ပေါ်လာရင် Root ဆိုတာကိုနှိပ်လိုက်ပါ။ Rooting ဆိုပြီး အလုပ်လုပ်နေလိမ့်မယ်။  ပြီးရင်တော့ ဖုန်းဟာ Root လို့ပြီးသွားရင် Restrat ကျသွားပါလိမ့်မယ်။ ပြန်တက်လာတဲ့အထိ စောင့်ပါ။

စက်ပြန်တက်လာပြီဆိုရင်တော့ မြန်မာစာ ထည့်ဖို့လုပ်ငန်းစဉ်ကို စတင် လုပ်ဆောင်နိုင်ပါပြီ။ ဖုန်းမှာ Smart Zawgyi Changer လေးကို အင်စတော လုပ်လိုက်ပါ။ လိုချင်သူများ အောက်ပါလင့်မှာ သွားယူနိုင်ပါတယ်။

Download Links>> Download Zawgyi Changer 2
Download Links>> Bagan Keyboard pro

အင်စတော လုပ်ပြီးရင်တော့ Zawgyi Changer icon လေးကို နှိပ်ပြီး ဖွင့်လိုက်ပါ..
zawgyi icon
ပွင့်လာရင် Check root access ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် V-root နဲ့ လုပ်ထားတာမို့လို့ Allow လုပ်မလုပ် မေးပါလိ့မ်မယ်။ allow နှိပ်ပေးလိုက်ပါ။ ဒါဆိုရင် အောက်ကပုံလေးအတိုင်း ပေါ်လာပါလိ့မ်မယ်။
zawgyi font changer 2
ဒီလိုပေါ်လာရင် စံမြန်မာဖောင့်+မြန်မာကီးဘုတ် သွင်းရန် (For all Device) ကို နှိပ်ပေးလိုက်ပါ။ ဒါဆိုရင် ခဏလေး စောင့်ရပြီး reboot your device ဆိုတာလေး ပေါ်လာပါလိ့မ်မယ်။ နှိပ်ပြီး Restart ချလိုက်ပါ။ ပြန်တက်လာပြီဆိုရင် Setting ထဲသွားပြီး language and keyboard ထဲမှာ ပုဂံကီးဘုတ်ကို Default ရွေးပေးလိုက်ရင် မြန်မာစာမှန်မှန်နဲ့ ရိုက်နိုင်၊ သုံးနိုင်တဲ့ Y320 CDMA 800MHz ဟမ်းဆက်လေးတစ်လုံး ရလာပြီ ဖြစ်ပါတယ်။.. 

အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)

7 comments:

  1. Y320-C00 မှာ အင်တာနက်ချိန်ပြီး လိုင်းမကျလို့ ဘာဖြစ်တာလဲမသိဘူး ရှင်းပြပေးပါ

    ReplyDelete
    Replies
    1. ဟုတ်ကဲ့အစ်ကိုရေ အဲဒါက APN Type မှာ default လို့ရေးပေးပါ ဒါဆိုရင် တက်လာပါလိမ့်မယ်ခင်ဗျာ

      Delete
  2. Your Device is not rooted ဆိုတဲ့စာပဲပေါ်တယ်
    အကို ဘာလိုလုပ်ရမလဲ

    ReplyDelete
  3. Y320 C00 B611 မှာ မြန်မာဖောင့်လုံးဝမပေါ်ဘူးဖြစ်နေတယ် ... ကူညီပါဦးခင်ဗျာ

    ReplyDelete
  4. Illegal character can not be used as the recipient လို့ချည်းပြနေတယ် အကို

    ReplyDelete
  5. လိုင်း မတက် ဘူးဗျ ဘယ် လို ဖြစ် တာလဲ

    ReplyDelete
  6.ွGreen SkyApril 28, 2014 at 6:03 PM

    Y320-C service Tool ကို google play မှာ Down လိုက်ပါ.......

    ReplyDelete

လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်