အပေါ်မှာမြင်တဲ့အတိုင်းလေးနော် MPT နေရာမှာ ကိုယ်ကြိုက်တဲ့နာမည်လေးတွေထည့်ပြီးလန်းကြရအောင်/ တစ်ခုတော့ရှိတယ် ကိုယ်ဖုန်းမှာ Root Access ရှိရပါမယ်။ အရင်ဆုံး လိုအပ်တဲ့ဖိုင်ကိုဒေါင်းပါ။
ဒါကတော့ Root Exploer.apk ပါရှိပြီးသားသူတွေဒေါင်းစရာမလိုအောင် သတ်သတ်စီခွဲပေးထားပါတယ်။ ကဲစလိုက်ကြရအောင် အရင်ဆုံးဒေါင်းလို့ရလာတဲ့နှစ်ဖိုင်ကို Install လုပ်လိုက်ပါ။ ပြီးရင်တော့ Carrier Name ဆိုတဲ့ apk file လေးကိုဖွင့်လိုက်ပါ Root Access တောင်းရင် ပေးလိုက်ပါ။ အဲဒီမှာ သူကဘောက်လေးတစ်ကွက်နဲ့တက်လာပါလိမ့်မယ်
အကွက်ထဲမှာ [New Operator Name] ဆိုတဲ့နာမည်နဲ့ပါ။ အဲဒီမှာကျွန်တော်တို့က MPT နာမည်ကို ကိုယ်နာမည်နဲ့ အင်္ဂလိပ်လိုပြောင်းမယ်ဆိုရင်တော့ New Operator Name ကိုဖျက်ပြီး အင်္ဂလိပ်လိုကိုယ့်နာမည်ရေးလိုက်/ပြီးရင် Ok ပေးလိုက် ပြီးရင် ဖုန်းကို Rebot or Restart ချပေးလိုက်ပါ။ ဒါဆိုပြန်တက်လာရင် ခုနကပေးထားတဲ့နာမည်လေးက MPT ဆိုတဲ့နေရာမှာ ပေါ်နေပါလိမ့်မယ်။ ဒါဆိုပြီးသွားပြီ ဒါကတော့ အင်္ဂလိပ်လို ......၀ူး......
မြန်မာလိုကျန်သေးတယ် မောလိုက်တာဗျာ . . .ကဲဆက်ပြောမယ်နော်
မြန်မာလိုပြောင်းမယ်ဆိုရင် Root Explorer ထဲကိုဝင် Root Access တောင်းရင်ပေးလိုက်နော်
အဲဒီမှာ Mount R/W ဖြစ်နေရင် R/O ပေးလိုက်ပါ . . .
- etc ထဲကိုဝင်
- spn-conf.xml ကိုတွေ့အောင်ရှာ၊ တွေ့ပြီဆိုရင် အဲဒီပေါ်ကိုဖိထားလိုက်ပါ ဒါဆိုဘောက်တစ်ခုပွင့်လာမယ် အဲဒီမှာ Open in Text Editor ကိုရွေးလိုက်ပါ။ အဲဒီမှာ ကျွန်တော်တို့ ခုနက New Operator Name နေရာမှာအစားထိုးခဲ့တဲ့ နာမည်လေးပေါ်နေမယ်။ ကျွန်တော်တို့က မြန်မာလိုပြောင်းမယ်ဆိုတော့ အဲဒီကောင်လေးကိုဖျက်ပြီး မြန်မာလိုအစားပြန်ရေးလိုက် ကိုယ်ကြိုက်သလိုပေါ့ ဒါပြီးရင်တော့ Menu key နှိပ်ပြီး Save & Exit နှိပ်ပြီးထွက်လိုက်ပါ။ ပြီးရင် ဖုန်းကို Reboot or Restart လုပ်လိုက်ပါ။ ဒါဆိုပြန်တက်လာရင် ကျွန်တော်တို့ရေးထားတဲ့မြန်မာလိုဟာလေးနဲ့ MPT နေရာမှာ ပေါ်လာပါပြီ။ကျွန်တော်လည်းမောသွားပါပြီ . . . အဆင်ပြေကြပါစေ . . အဆင်မပြေရင် အော်ခဲ့နော် . . . အောက်ကပုံလေးကိုကြည့်လိုက်ဦးနော်
အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)
0 comments:
Post a Comment
လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်