သူငယ်ချင်းတို့  လိုချင်တဲ့သီချင်းတွေ ဗွီဒီယို ခွေလေးတွေကို ပြန်လည်ကူးယူတဲ့အချိန်တွေမှာသော့ခတ်ထား
တဲ့ အခွေတွေနဲ့ တွေကောင်းတွေ့ ပါလိမ့်မယ်။တစ်ခါတွေ့ ဖူးတယ် ကူးလို့ မရလို့ တဲ့ယူလာပေးတယ်
အခွေဖွင့်တာနဲ့ ကွန်ပြူတာ shutdown ကျသွားတယ်ဗျာ လန့်တောင်လန့် သွားတယ်။နောက်မှသော့ခတ်ထား
တာလေးတွေကို ဒီဆော့ဝဲလေးက ပြန်ဖြုတ်လို့ ရတယ်ဆိုပြီးတွေ့ တာနဲ့ သတိရလို့ တင်ပေးလိုက်ပါတယ်။
၁။my computer ထဲက cd\dvd ကိုသွားမဖွင့်ပါနဲ့ 
၂။isobuster လေးကိုဖွင့်လိုက်ပါ။သီချင်း၊ဗွီဒီယို၊ဓါတ်ပုံ စတာလေးတွေကို တွေ့ ရမယ်။

အားလုံးကို အပြာရောင်လေးဖြစ်သွားအောင် selectပေးလိုက်ပါ။မောက်ရဲ့ ညာဖက်ခလုတ်လေးကိုနှိပ်ပြီး
Extract Objects ဆိုတာလေးကိုနှိပ်ပါ။အသံဖိုင်ယူမလား၊ဗွီဒီယိုဖိုင်ယူမလားမေးလိမ့်မယ်
မိမိလိုချင်တာလေးကိုရွေးပေးလိုက်ပါ။
အဆင်ပြေပါစေ . . .
0 comments:
Post a Comment
လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်