Sunday, June 23, 2013

Huawei ဖုန်း 12 လုံးအတွက် firmware တင်ရင် update failed ဖြစ်မှာ မပူတော့နဲ့။

images

ကျွန်တော်တို့ Huawei Phone တွေFirmware တင်ရင် Step 2 မှာ Update Failed ဖြစ်နေကြတာ တွေ့ရပါတယ် ။ ဒါကြောင့် ဘယ်လို ဖြေရှင်းရမလဲ မသိတဲ့သူတွေအတွက် ကျွန်တော်ရှာထားတာလေး ပြန်လည်မျှဝေလိုက်ပါတယ်။ သူရဲ့လုပ်ဆောင်ချက်က Official Firmware မှာ ပါတဲ့ boot.img နဲ့recovery.img ကို သွင်းပေးမှာပါ။ ကျွန်တော် နားလည်ထားသလောက်ကတော့ Update Failed ဖြစ်ရတဲ့ ပြသနာကတင်ထားတဲ့ Recovery ( CWM ပေါ့နော်) က firmware တင်တဲ့အခါမှာ Support မပေးနိုင်လို့ Update Failedဖြစ်တယ်လို့ သိထားပါတယ်။အဲဒါကြောင့် ဒါလေးကို ဖန်တီးဖြစ်သွားတာပါ။ နောက်တစ်ချက် ဆိုင်သမားတွေအကြိုက်တွေ့မယ်လို့ ထင်ပါတယ်။ Root ဖောက်ဖို့အတွက် CWM တင်ပေးလိုက်တဲ့အခါမှာ ပါဝါပိတ်ပြီး အားသွင်းတဲ့အခါ
Recovery Mode ထဲကို ရောက်သွားတဲ့ ပြသနာကလည်း ကင်းဝေးပါလိမ့်မယ်။ နောက်တစ်ချက် ဘုမသိ၊ဘမသိ
ကလိတတ်တဲ့ Customer တွေ Recovery mode ထဲရောက်ပြီး ဟိုဟာ လုပ်မိ၊ ဒီဟာ လုပ်မိလို့
ကိုယ်လုပ်ပေးထားတာလေးတွေ ပျက်ပြီး နောက်တစ်ခေါက် ပြန်လုပ်မပေးရတော့ဘူးပေါ့ဗျာ။ကဲ..ကဲ… ဟုတ်ရဲ့လားတော့
စမ်းကြည့်လိုက်ကြပါအုံး။ ဘာတွေအတွက် ပါမလဲတော့ သိချင်မှာပေါ့နော်။ ဒါတွေ ပါပါတယ်။
1.U8650
2.C8650
3.U8661 Sonic+
4.C8800
5.C8810
6.C8812
7.U8818
8.U8950D
9.U8825D
10.C8825D
11.U8860
12.C8860E
အောက်မှာ ယူဗျာ။ လိုင်းမကောင်းတော့ တင်လို့ ရတဲ့ နေရာကနေပဲ တင်ပေးလိုက်နိုင်တာကို ခွင့်လွတ်ကြနော်။
 Download Link 2 :Huawei Stock Recovery Installer
Download Link 2 : https://www.box.com/s/hokw38sewu1p0amqc8yh
Download Link 3 :https://www.sugarsync.com/pf/D0019460_943_25963148
Download Link 4 : https://www.dropbox.com/s/9vd0329dr2njuug/HuaweiStockRecoveryInstaller%203y%20H%40NL%40Y.exe

အားလုံးပဲ အဆင်ပြေကြမယ်လို့ ထင်ပါတယ်နော်။ အားပေးစကားလေးတော့ ပြောခဲ့ကြပါအုံးနော်။

Credit to MMSD (ဖြိုးချမ်း)

7 comments:

  1. Huawei G520-0000 ကို MMSD Myanmar Fonts install လုပ်လိုက်တာ
    ဖုန်းက Restart ကျပီး ပြန်တက်လာတော့ အစိမ်းရောင် Screen ပေါ်မှာ
    အနီရောင် စတုရန်းကွက် နဲ့ အပြာရောင်စတုရန်းကွက်ပဲပေါ်ပီးရပ်နေတယ်ဗျာ
    Farmware တွေလဲတင်တာ စုံနေပါပီ၊ဘယ်လိုလုပ်ရမလဲ
    ကူညီကြပါဦး။

    ReplyDelete
    Replies
    1. Flash Tool Firmware တင်​လိုက်​ပါခင်​ဗျာ

      Delete
    2. http://www.appmarsh.com/huawei-ascend-g520-g520-0000-b180-flash-tool-firmware-download/

      Delete
  2. c8813DQFireware update လုပ်နည်းလေးတင်ပေးပါ

    ReplyDelete
  3. ကူညီကြပါအုန်း HUAWEI G510 ပါဝါပိတ်ပြီး Restart ချမရဘဲ ပါဝါတန်းပိတ်သွားပါတယ် ဖုန်းလည်း
    တော်တော်နဲ့ ပြန်မပွင့်ဘဲ ပိတ်လိုက် ပွင့်လိုက် လေး ငါးခြောက်ခါလောက်ဖြစ်ပြီးမှ ပြန်ပွင့်လာပါတယ်
    သိရင်ကူညီကြပါ။

    ReplyDelete
  4. လုပ်ပုံလုပ်နည်း ပြည့်စုံအောင် ပြောပြစေချင်တယ်

    ReplyDelete
  5. Huawei c,8650 firmware ပြန်တ​င်​တာ step1/2 fail ပြ​နေပါတယ် အခု ဘယ်​ဟာကို ​ဒေါင်းပီး ဘယ်​လိုလုပ်​ရမလဲခင်​ဗျ

    ReplyDelete

လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်