Friday, June 7, 2013
GSM Internet Connection ကို WCDMA Connection လိုသုံးမယ် ။
How to change MPT GSM Internet Connection Speed to MPT WCDMA Internet Connection Speed.
အသုံးပြုလာကြပါပြီ ။ 
WCDMA နှင့် Internet အသုံးပြုသူများကလည်း GSM Connection ထက်စာလျှင် သူတို့  Connection မြန်ကြောင်းပြောကြပါတယ် ။  
GSM နဲ့  အသုံးပြုတဲ့ Internet Connection လိပ်ကလေးလို နှေးကွေးနေလို့ စိတ်မပျက်ပါနဲ့  ။
Android Application ဖြစ်တဲ့  Network  v 1.1 .apk  က GSM Connection ကို WCDMA Connection အတိုင်းအမြန်နှုန်း ရအောင် လုပ်ဆောင်ပေးပါမယ် ။
စိတ်ဝင်စားသွားပြီ မဟုတ်လား ????
သြော် .... သိပြီ ။ လူကြီးမင်း စဉ်းစားနေတာက ....
သူပြောသလို  ဟုတ်မှ ဟုတ်ပါ့ မလား ????
တစ်မိနစ် (၂) ကျပ် နှုန်း ကနေ (၄) ကျပ် များဖြစ်သွားမလား ????
အဲ့ဒီအတွက် ဘာမှ စိတ်မပူပါနဲ့  လူကြီးမင်း ။
စိတ်ချစွာဖြင့် စမ်းသုံးကြည့်ပါ ။
တကယ် အမြန်နှုန်းတတ်ပါတယ် ။ တစ်မိနစ်လဲ ပုံမှန်အတိုင်း (၂) ကျပ်နှုန်းပါဘဲ ။
Downlaod  လုပ်ပြီးရင် Phone ထဲမှာ Install လုပ်ပါ ။
Set preferred network type: ရဲ့ အောက်မှာ WCDMA only ဆိုတာလေးကိုပြောင်းပေး
လိုက်ရင်ရပါပြီ ။ နောက်တစ်နည်းကတော့ Software app မသုံးတော့ပါဘူး။ ဒါပေမယ့် တူတူပဲနော်
ဒီကုဒ်လေးတွေကို *#*#4636#*#* ဖုန်းခေါ်တဲ့နေရာမှာရိုက်လိုက်ပါ။ ဒါဆိုရင် အောက်ကစာကြောင်းလေးတွေကျလာမယ်
Phone Information
-
-
-
-
(-)ဆိုတာကလည်း စာကြောင်းလေးတွေနော် အဲဒါတွေကို ဘာမှလုပ်စရာမလိုပါဘူး Phone Information ဆိုတာကိုနှိပ်လိုက်ပါ....Card (2)ကဒ်သမားတွေကတော့ ဒီဟာလေးကိုမေးပါတယ် Sub 1 or Sub 2. ကျွန်တော်တို့က Card (1)မှာထည့်ထားရင် Sub (1)ကိုရွေးလိုက်ပါ။ ဒါဆိုရင် အောက်မှာပေးထားတဲ့ပုံလေးပေါ်လာပါပြီ။အဲဒီမှာ GSM only နေရာမှာ WCDMA only ဆိုဒါလေးကို ပြောင်းပေးလိုက်ရင် ရပါပြီ ။
မှတ်ချက်။ ။ ဒီနည်းလမ်းသည် 3G ကွန်ယက်ရတဲ့နေရာမှာပဲအဆင်ပြေပါသည်။ 2G ကွန်ယက်ရှိတဲ့နေရာမှာအဆင်မပြေပါ။ 2G ကွန်ယက်ရှိတဲ့နေရာမှာဆိုရင် WCDMA preferred or GSM only ကိုထားမှ ဖုန်းလိုင်းပြန်ပေါ်ပါမည်။
အဆင်ပြေပါစေ ။
0 comments:
Post a Comment
လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်