Thursday, February 7, 2013

Huawei U8825-1 ကို root လုပ်နည်း


ဒီပို့ကတော့ ကိုဌေးလှိုင်ဦးရေးသားထားတာပါ….
မူရင်းကတော့ဒီမှာကြည့်ပါ..



Huawei မှ ထုတ်လုပ်သော စင်္ကာပူ ဘက်က ပတ်ဝင်လာတဲ့ U8825-1 ကို ဈေးကွက်မှာ ဈေးတန်း ၂ မျိုးဖြင့် တွေ့ရပါတယ်။ root လုပ်လို့ရသည့် အမျိုးအစားနှင့် root လုပ်မရသည့် အမျိုးအစား ဟူ၍ ဈေးကွာခြားချက်ရှိပါသည်။ အခု ကျွန်တော် ပြောပြပေးမည့် နည်းကတော့ U8825-1 root လုပ်၍ မရသည့် ဖုန်းများ ကို root လုပ်နည်းဖြစ်ပါတယ်။
လိုအပ်သော ဖိုင်ကို ဒေါင်းပါ >>>> U8825-1rootByHtayHlaingOo
password>>htayhlaingoo

(၁) Root လုပ်၍ရသည့် kernel ချိန်းနည်း

- ဒေါင်း၍ ရလာသော rar ဖိုင်ကို ဖြေလိုက်ပါ။
- အထဲမှ UPDATE.APP ပါသော dload folder ကို format ရိုက်ထားတဲ့ sd card (အနည်းဆုံး 2GB)    ထဲသို့ ထည့်ပါ။
- ဖုန်းကို ပိတ်၍ sd card ကိုထည့်ပါ။
- volume up + power + volume down ကို ပြိုင်တူတွဲပြီး နှိပ်ပါ။
- update complete ဖြစ်သွားရင်တော့ ဖုန်းဟာ Reboot ကျသွားပါလိမ့်မယ်။
- home screen ပေါ်လာရင်တော့ Huawei U8825-1 ကို root လုပ်ဖို့ အဆင်သင့်ဖြစ်သွားပါပြီ။

(၂) Root လုပ်နည်း

- U8825-1 ကို Unlock root v3.0 ဖြင့် root လုပ်နိုင်ပါသည်။
အားလုံးအဆင်ပြေကြပါစေ…….

0 comments:

Post a Comment

လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်