Thursday, February 14, 2013

Android Vesion များအကြောင်း

Android Vesion များအကြောင်း

Andriod logo.jpg


      Andriod ကို စတင်ဖြန့်ချိတဲ့ Version 1.0 မှာ Andriod လို့ပဲခေါ်ပြီး 2008 ခုနှစ်လောက်မှာ စတင်ထွက်ခဲ့ပါတယ်။

Cup Cake
     2009 မှာတော့ Version 1.5 ကိုဖြန့်ချိပြီး Code name ကို Cup Cake လို့ ပေးခဲ့ပါတယ်။ အဲဒီကစပြီး Andriod ရဲ့ Version အသစ်တိုးတိုင်း Code name တွေကို စားစရာ အချိုပွဲလေးတွေရဲ့ နာမည်လေးတွေနဲ့ ပေးလာခဲ့ပါတယ်။

Donut
     Version 1.6 ဖြစ်ပါတယ်။ Code name က Donut ပါ။ အဲဒီလောက်တုန်းကထိ Google Phone ဆိုပြီး စသုံးတာ HTC လောက်ပဲရှိပါသေးတယ်။

Eclair
     Version2.0 နဲ့ Version2.1 နှစ်ခုလုံးကို Eclair ဆိုတဲ့ Code name ပဲပေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး Huawei လို တရုတ် Company တွေက ဈေးသက်သာတဲ့ Andriod သုံးဖုန်းတွေကို ထုတ်ရောင်းလာလို့ Andriod ကို မြန်မာတွေစတင်ရင်းနှီးလာကြပါပြီ။

Froyo
     Version2.2 ဖြစ်ပါတယ်။ USB Thetering နဲ့ Wifi hostpot feature တွေပါဝင်လာလို့ Andriod ကိုအောင်မြင်အောင် ထမ်းတင်ပေးခဲ့တဲ့ Version တစ်ခုဖြစ်ပါတယ်။

Gingerbread
    Version 2.3 ဖြစ်ပြီး လက်ရှိအသုံးအများဆုံး Version ပါဘဲ။ Version2.0 Eclair ကစပြီး Andriod ဖုန်းကို တွင်တွင်ကျယ်ကျယ်သုံးလာကြတဲ့လူများစုက Version 2.3 ကိုမြှင့် Upgrade လုပ်နိုင်တာကြောင့် Eclair နဲ့ Froyo သုံးသူတွေအားလုံးလိုလို Gingerbread ဖြစ်သွားကြပါတယ်။(2.3 to 2.3.7)

Honeycomb
     Version3 - Code name- Honeycomb ကို 2011 အကုန်လောက်မှာ ဖြန့်ချိခဲ့ပေမယ့် အဲဒီ Version က Tablet တွေအတွက် သီးသန့် Version ဖြစ်တာကြောင့် Mobile Phone တွေမှာ အသုံးပြုလို့မရခဲ့ပါဘူး။ (3.1 to 3.2)

Ice-Cream Sandwhich
     ပါမုန့်ရေခဲညှပ်လို့ မြန်မာတွေခေါ်ကြပြီး တော်တော်လေး သဘောကျနေကြတဲ့ Version 4 ပါ။ Facelock နဲ့ Andriod bean လို Function တွေပါဝင်လာပါတယ်။ Hardware လိုအပ်ချက်ကြီးမားတာကြောင့် Model မြင့်ဖုန်းတွေမှာတော့ Upgrade ပြုလုပ်လို့ကောင်းပေမယ့် Hardware နိမ့်တဲ့ ဖုန်းတွေနဲ့ Screen Size သေးတဲ့ ဖုန်းတွေမှာတော့ အဆင်မပြေတော့ပါဘူး။ နောက်ပိုင်းထွက်တဲ့ ဖုန်းတွေမှာ ICS ကိုပဲသုံးထားလို့ ဖုန်းတစ်လုံးရဲ့အရည်အသွေးကို ICS တင်ထားလား မတင်ထားလား ကြည့်ရုံနဲ့သိသာပါတယ်။ (4.0.3 to 4.0.4)

Jelly Bean
       Version 4.1 ကတော့ နောက်ဆုံးထွက်လာတဲ့ Andriod Version ပါဘဲ။ Stable မဖြစ်သေးတာကြောင့် Original ၀ယ်ယူထားတဲ့ ဖုန်းတွေမှာတောင် အခုထိ ပါဝင်ဦးမှာမဟုတ်ပါဘူး။ ကိုယ်တိုင် Upgrade ပြုလုပ်မှ သုံးစွဲလို့ရနိုင်မှာပါ။

       Andriod တွေရဲ့ Version တွေကို ကြည့်တဲ့အခါ စိတ်ဝင်းစားစရာလေးတွေကို တွေ့ရပါတယ်။ အဲဒါကတော့ Version တွေရဲ့ Code name တွေပါဘဲ။ ခုနကပြောသလို အချိုပွဲနာမည်လေးတွေဖြစ်နေယုံတင်မဟုတ်ဘဲ Alphabetically ဖြစ်နေတာကိုလည်းတွေ့ရမှာပါ။  Cup Cake ကစပြီး Jelly Bean အထိ C, D, E, F, G, H, I, J ဆိုပြီး အစဉ်လိုက်ပေးထားတာပါပဲ။ ဒါကြောင့် သေချာပါတယ် နောက်ထပ်ထွက်မယ့် Andriod ရဲ့ Code name က K နဲ့စမှာပါဘဲ။

Credit to မင်းသန့်အောင် (Andriod Root Guide book)

0 comments:

Post a Comment

လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်