Sunday, February 24, 2013

Android Phone အားလုံးအတွက် Recovery Mode ၀င်နည်း




ကဲ ဘော်ဒါတို့ Android Phone အားလုံးအတွက် Recovery Mode ၀င်ရခက်နေသူများ ခုကျွန်တော်တင်ပေးမယ့် Software လေးက အလွယ်တကူ ဖြေရှင်းပေးပါလိမ့်မယ်
Click တစ်ချက်နှိပ်လိုက်တာနဲ့ Recovery ရောက်သွားမှာပါ ကဲ သုံးကြည့်လိုက်ကြပါဗျာ
ကျွန်တော်တို့တွေ ဖုန်းကို Recovery mode ဝင်ရင် ကီးတွေ တွဲနှိပ်ပြီး ဝင်ကြရတယ်မဟုတ်လား..
ကီးတွေအနှိပ်မှားရင် Recovery mode ကို မရောက်ဘူးလေ.. ဒါကြောင့် ဒီကောင်လေးကီးတွေနှိပ်စရာမလိုတော့ဘူး . .  . ကျွန်တော်စမ်းကြည့်တာတော့ Huawei,Samsaung မှာတော့ အဆင်ပြေတယ်....အခြားဟာတွေတော့ support ပေးလားတော့မသိဘူး။ သုံးကြည့်လိုက်နော်
ဖုန်းမှာ USB Debugging ကို on ထားပြီး USB ကြိုးနဲ့ Computer မှာ ချိတ်လိုက်.. Driver သိပါစေ..
ပြီးရင် ဒေါင်းလို့ရလာတဲ့ exe ဖိုင်ကို Install လုပ်လိုက်ပါ. ပြီးရင် Run လိုက်ပါ..  ပေါ်လာတဲ့ဘောက်လေးထဲမှာ  Click To Enter Recovery ဆိုတာကိုနှိပ်လိုက်ပါ.. ဖုန်းက Restart ကျသွားပြီး Recovery Mode ကိုရောက်နေပါလိမ့်မယ်... နာမည်က Android One Click Recovery တဲ့ဗျား..
အောက်မှာဒေါင်းနော် . . .

အားလုံးပဲအဆင်ပြေကြပါစေဗျာ . . .
Ref: ကိုပေါက်

1 comment:

  1. ဆရာ ကျွန်တော် china tablet gsm sim ပါ သုံးလို့ရတဲ့ T733 version 4.2.1 touch screen သုံးလို့မရတော့ဘူး firmware တင်လိုင်တာပါ touch screen သုံးလို့ရအောင် လမ်းညွှန်းပေးပါ ဆရာ ကျေးဇူးတင်စွာဖြင့် sai

    ReplyDelete

လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်