Wednesday, September 4, 2013

JellyBean တွေမှာ မြန်မာစာ ရေးတာ၊ဖတ်တာမှန်အောင်လုပ်ပေးမယ့် App နှစ်ခု ( Android Application )




JellyBean တွေမှာ မြန်မာစာ ရေးတာဖတ်တာမှန်ဖို့ မလွယ်သေးပါဘူး။အဲဒီထဲကမှ
ဒီဆော့ဝဲလေးနှစ်ခုသုံးရုံနှင့် Facebook နှင့် အခြား Web Site တွေကို ကြည့်ရှုရာမှာ
စာလုံးပေါင်းတွေ ကို ဖတ်တာရော၊ရေးတာပါ မှန်လာခဲ့ပါပြီ။ သိပြီးသားသူတွေ ကျနော့်ကို မဆဲကြပါနှင့်
ကျော်သွားလိုက်ပါနော်။ဟီးးးးးးးး။
ကဲဖတ်တာမှန် ဖို့အတွက်ကတော့ အားလုံးသိကြတဲ့ ONE Browser ကိုသုံးလိုက်ပါ။Facebook နှင့် အခြား web site များကို မြန်မာစာမှန်အောင်ဖတ်နိုင်ပါတယ်။

ဒါကတော့ ဆေးမစားမီပုံ ၊အဲမှားလို့ ONE Browser မသုံးထားတဲ့ပုံပါ။

မြန်မာစာဖတ်ရတာ အဆင်မပြေပါဘူး။
အောက်ကပုံကိုကြည့်လိုက်ပါ။ဒါကတော့ ဆေးစားပြီးပုံ အဲ ONE Browser သုံးထားတဲ့ပုံပါ။

မြန်မာစာဖတ်ရတာ အဆင်ပြေလာပါတယ်။
ဒီ Browser လေးဟာပေါ့ပါးပါတယ်။ ဖိုင်ဆိုဒ်လည်းသေးပါတယ်။ အပြင်ဆင်က အရမ်းလန်းပါတယ်။
သုံးကြည့်လိုက်ပါ။ဒီမှာဒေါင်းလိုက်ပါ။
DOWNLOAD HERE
အောက်မှာပေးမယ့် APP ကတော့ မြန်မာစာရေးတာမှန်စေမယ့် Keyboard လေးပါ။
အားလုံးသိပြီးဖြစ်တဲ့ BaganKeyboard Pro V1.6.9 နောက်ဆုံးဗားရှင်းလေးပါ။
ကဲ jelly bean မှာ မြန်မာစာရေးတာဖတ်တာမမှန်လို့ စိတ်ညစ်နေသူတွေအတွက် လာပါပြီ။ အားနည်းချက်တွေကို ပြန်လည်ပြင်ဆင်ပြီး ထွက်လာပါပြီ။ သဝေထိုးတွေ ရှေ့နောက် မရောက်အောာင် Auto ခြားပေးခြင်း၊အသတ်များ ရှေ့နောက်မရောအောင် Auto ခြားပေးခြင်းတွေ ကိုဖြည့်စွက်ထားပါတယ်။
ဘာတွေလုပ်နိုင်သေးလဲဆိုတာ အောက်မှာ ကြည့်လိုက်ပါ။




1.version (1.6.7) ကစပြီး keyboard ရဲ့ height ကို လိုအပ်သလို ပြင်ယူလို့ရပါပြီ။ setting မှာAdjust Key Height မှတဆင့် မိမိစိတ်ကြိုက် ပြုပြင်ယူနိုင်ပါတယ်။
2.Facebook မှာ ရေးတဲ့အခါ မှန်ဖို့အတွက် Android Jelly Bean ကို သုံးထားတယ်ဆိုရင် Keyboard Setting(Long press ENTER)မှာ Jelly Bean Fix ကို On ပေးပါ။ ရေးတဲ့အခါရော ပြန်ဖတ်တဲ့အခါမှာပါ မှန်ကန်ဖို့အတွက် ဆိုရင်တော့ Facebook Fix ကိုပါ ထပ် On ပေးပါ။
3.(1.6.7) မှာ (.) crash ပြသနာကို ဖြေရှင်းပေးထားပါတယ်။
4.အသတ်ရိုက်လိုက်ရင် (င် တ် )ဒီလိုဖြစ်နေသူတွေအတွက် setting မှာ type as unicode ကို ပြန် off ပေးပါ.. unicode ရိုက်ဖို့လိုအပ်မှသာ ပြန် on ပေးပါ။
5.ဂ ငယ်နှစ်လုံးဆင့်ပေါ်ရန် အလည်မှာပါတဲ့ S် ကို သုံးပြီး (ဂ+S်+ဂ )လို့ရိုက် ကြည့်လိုက်ပါ။
6။V1.6.8 မှာ (နိုင်)လို့ရေးရင်၊(ရှင်း)လို့ရေးရင်(နိုင်န)နှင့်(ရှင်းရ)ဖြစ်သွားတဲ့ ပြသနာကို လည်းရှင်းပေးထားပါတယ်။

ကြိုက်တယ်ဆိုအောက်မှာဒေါင်းသွားလိုက်ပါ။

DOWNLOAD HERE

Credit => အိုင်တီစုဗူး

အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)

0 comments:

Post a Comment

လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်