Tuesday, September 10, 2013

Huawei G610-U00 အတွက် CWM recovery သွင်းနည်းနဲ့ Stock recovery သွင်းနည်း



ဒီတစ်ခါ Huawei G610-U00 twGuf cwm recovery တင်နည်းနဲ့
stock recovery ပြန်ပြောင်းနည်းကို ဖော်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ...
အရင်ဦးဆုံး ဒီပို့စ်လေးအတွက် ကိုဖြိုးညီညီ နဲ့ ကိုငလူ တို့ကို
credit ပေးပါတယ်ဗျာ....သူတို့တွေရဲ့ ကျေးဇူးကြောင့်သာ ဒီပို့စ်လေး
ဖြစ်လာတာပါ..stock recovery ကိုပြန်ပြောင်းတဲ့နည်းလေးကိုဖော်ပြရတဲ့
အကြောင်းကတော့ G610-Uoo မှာ cwm recovery (custom recovery)
တင်ပြီးသွားတဲ့အခါမှာ firmware ကို dload folderကိုထူးထည့်ပြီး
တင်နည်းနဲ့လုံးဝတင်လို့မရတော့ပါဘူး...သာမန်အရတော့အဲဒီလိုနည်းနဲ့
တင်လို့ရပေမယ့် အခု ဒီG610-U00 မှာတော့မရတော့ပါဘူးဗျာ...
volume down+volume up+power ကို နှိပ်လိုက်တဲ့အခါမှာ.. cwm mode ထဲကိုပဲရောက်သွားပြီးတင်လို့မရတော့ပဲဖြစ်တတ်လို့ပါ။ အဲဒါကြောင့်
stock recovery ကိုပြန်ပြောင်းထားမှအဆင်ပြေမှာဖြစ်ပါတယ်။
အခုဒီနည်းလေးနဲ့ပဲ G610-U00(B121 and B127)ကိုစမ်းကြည့်တာ
အဆင်ပြေပါတယ်..G610 အမျိုးအစားထဲကအခြား build number
တွေမှာရမရတော့ မသိပါ..ပျက်သွားမှာအစိုးရိမ်ရင်တော့
စမ်းကြည့်နိုင်ပါတယ်ခင်ဗျာ...အခန့်မသင့်ပါက firmware
တင်မလာခြင်း၊firmware ပြန်တင်မရခြင်းများဖြစ်တတ်ပါတယ်နော်.
ကြိုတင်ပြီးသတိပေးထားတာပါဗျာ...
ကဲ..........စလိုက်ကြရအောင်ဗျာ...... G610-Uoo ကို recovery  
တင်ဖို့အတွက် G610 CWM Recovery နဲ့ Mobileuncletool.apk 
ပြီးတော့ Mobileuncle Tool ၊ အဲဒီ(၃)ခုတို့ကို
 အရင်ဒေါင်းလိုက်ပါနော်...... အောက်ဆုံးက Download Here ဆိုတဲ့နေရာမှာဒေါင်းလိုက်ပါဗျာ............ဒေါင်းပြီးပြီဆိုရင်
G610 cwm recovery ဆိုတဲ့ RAR ကိုဖြည်လိုက်ပါ...အဲဒီထဲက
ထွက်လာတဲ့ recovery.img ဆိုတဲ့ ဖိုင်ကို sd card ထဲကိုကူးထားပါ. ပြီးရင်
နောက်ထပ် mobileuncle tool.apk ကိုဖုန်းထဲကို install လုပ်ပြီး
သွင်းလိုက်ပါ..အဲဒီ Mobileuncle Tool ကိုဖွင့်သုံးပြီး အောက်ကပုံမှာ
ပြထားတဲ့အတိုင်း (ပုံ-၄) ဆိုတဲ့အဆင့်ထိရောက်အောင်အဆင့်ဆင့်
လုပ်ဆောင်လိုက်ပါဗျာ.....
 (ပုံ-၁)
 (ပုံ-၂)
 (ပုံ-၃)
(ပုံ-၄)
(ပုံ-၄)ထိလုပ်ပြီးပြီဆိုရင် ဖုန်းက reboot
ကျသွားပြီး cwm recovery သို့ရောက် သွားမှာဖြစ်ပါတယ်...
အဲဒါဆိုရင်တော့ cwm တင်လို့ပြီးပါပြီ......stock recovery
ပြန်ပြောင်းချင်တယ်ဆိုရင်တော့အပေါ်ကအဆင့်တွေအတိုင်းပြန်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်ခင်ဗျာ.....ကဲအောက်မှာလိုအပ်တာ
တွေအားလုံးဒေါင်းနိုင်ပါတယ်ခင်ဗျာ....


POST BY >>> စစ်ကိုင်းသား

အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
နည်းပညာတက္ကသိုလ်(မကွေး)

4 comments:

  1. အကိုခင်ဗျာ...ဖုန်းက ပြန်မတက်တော့ပါဘူး....cwm recovery ထဲတော့ဝင်လို့ရပါတယ်...stock recovery ဘယ်လိုပြန်ပြောင်းရပါမလဲခင်ဗျာ...ကူညီပါဦးဗျာ....

    ReplyDelete
  2. G610 C00 ကို သွင်း လို ရလား v4.1.2 မှာ....stock recovery ကို ဘယ်လို backup လုပ်ရလဲ ...

    ReplyDelete
  3. Original recovery ကိုဘယ်​လိုပြန်​ယူရမလဲ ခင်​ညာ အ​ပေါ်ကအတိုင်း build number b145 ကို တင်​တာ cwm လဲမတက်​ stock လဲမတက်​ပါဘူး original recovery ကို ဘယ်​လိုပြန်​ယူရမလဲခင်​ညာ

    ReplyDelete
  4. 916 မှာ cwm တင်လို့မရဘူးဗျ ကူညီကြပါအုံး

    ReplyDelete

လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်