Saturday, August 3, 2013

SKY NET အခပေး ရုပ်သံလိုင်း လစဉ်ကြေး ပြောင်း

 
ပရီးမီးယားလိဂ် ဘောလုံးပွဲများကို မြန်မာနိုင်ငံတွင် တစ်ဦးတည်းမူပိုင် ထုတ်လွှင့် ပြသခွင့် ရထားသည့် SKY NET အခပေး ရုပ်သံလိုင်းက လစဉ်ကြေးများကို မူလ သတ်မှတ်နှုန်းထားမှ လိုင်းအုပ်စုများ ခွဲပြီး သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ နှုန်းထားသစ် ပြောင်းလဲ ကောက်ခံ သွားမည် ဖြစ်ကြောင်း SKY NET အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်က ပြော ကြား သည်။

လစဉ်ကြေးများ ပြောင်းလဲ ကောက်ခံရာတွင် ရုပ်သံလိုင်းပေါင်း ၂၀ မှ လိုင်းပေါင်း ၁၀၀ ကျော်အထိ ကြည့်ရှုနိုင်မည့် Package သုံးမျိုး ခွဲခြား ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ SN-1၊ SN-2 နှင့် SN-3 ဟူ၍ Package သုံးမျိုး ခွဲထားပြီး တစ်လချင်း ဝယ်ယူ ကြည့်ရှုမည် ဆိုပါက လစဉ်ကြေးများကို ၃,၆၀၀၊ ၁၄,၄၀၀ နှင့် ၁၉,၈၀၀ ကျပ် အသီးသီး သတ်မှတ်ထားကြောင်း၊ ကြည့်ရှုခွင့် တစ်နှစ်စာ တစ်ပေါင်းတည်း ဝယ်ယူသူများအတွက် SN-2 အတွက် လစဉ်ကြေး တစ်လ ၁၂,၀၀၀ နှုန်းဖြင့် လည်းကောင်း၊ SN-3 အတွက် လစဉ်ကြေး တစ်လ ၁၆,၀၀၀ နှုန်းဖြင့် လည်းကောင်း သတ်မှတ်ထားကြောင်း SKY NET က ထုတ်ပြန်သည်။

ယင်းဈေးနှုန်းများမှာ SN-2 အတွက် ၃၃ ရာခိုင်နှုန်း၊ SN-3 အတွက် ၅၀ ရာခိုင်နှုန်း ဈေးလျှော့ ရောင်းချ ထားခြင်းဖြစ်ကြောင်း အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်က ပြောကြားသည်။ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီ ပရီးမီးယားလိဂ် ဘောလုံး ပြိုင်ပွဲများနှင့် အခြား ရုပ်သံလိုင်း စုစုပေါင်း ၁၀၀ ကျော်ကို ကြည့်ရှုနိုင်မည့် SN-3 Package ကို ဝယ်ယူပါက ဥရောပ ဘောလုံးပြိုင်ပွဲများ အားလုံးကို ဖမ်းယူ ကြည့်ရှုနိုင် မည် ဖြစ်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။ SN-2 တွင် မူလ ထုတ်လွှင့်နေသည့် အားကစား အစီအစဉ်များအပြင် ပရီးမီးယားလိဂ် တစ်ပတ်လျှင် သုံးပွဲနှုန်း ပြသသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “လစဉ်ကြေး ပြောင်းတာ ပရီးမီးယားလိဂ်ကြောင့် မဟုတ်ပါဘူး။ လိုင်းတွေ ထပ်တိုးလိုက်တဲ့အတွက် ပြောင်းတာပါ” ဟု ၎င်းက ရှင်းပြသည်။

ထို့ပြင် HD ရုပ်သံလိုင်းများကိုလည်း ထပ်မံ ထုတ်လွှင့်ပေးမည် ဖြစ်ပြီး HD Package သီးသန့်အတွက် တစ်လလျှင် ၂၀,၀၀၀ ကျပ်နှင့် SN-2 နှင့် အတူ တွဲဝယ်ယူပါက လစဉ်ကြေး ကျပ် ၉,၀၀၀ နှင့် SN-3 ဝယ်ယူထားသူများ အတွက် လစဉ်ကြေး ကျပ် ၆၀၀၀ ထပ်မံ ကျသင့်မည် ဖြစ်ကြောင်း SKY NET ထံမှ သိရသည်။ SKY NET ရုပ်သံလိုင်း ကြည့်ရှုခွင့် လစဉ်ကြေး နှုန်းထားများမှာ ယခင်က တစ်လအတွက် အများဆုံး ၁၂,၀၀၀ ကျပ်နှင့် တစ်နှစ်စာ ဝယ်ယူ ကြည့်ရှုသူ များအတွက် တစ်လ ၉,၉၀၀ ကျပ်နှုန်းဖြင့် ကောက်ခံနေခြင်း ဖြစ်သည်။

Ref:  yoyarlay

0 comments:

Post a Comment

လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...ဒီဘလော့လေးမှ အသိပညာတစ်ခုခုရသွားရင်ပဲ ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါတယ်